အခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းသားတွေ ပူးပေါင်းဖို့ ကိုမင်းကိုနိုင် တိုက်တွန်း

တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီ အရေးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြောလိုက်ပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးနေသူတချို့ ကို တွေ့ရစဉ် Photo: Kyaw Myo Tun/RFA

တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီအရေးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြော လိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဟုတ်ကြန့်တရုတ်ဘုံကျောင်းမှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဟောပြောပွဲမှာ ကိုမင်းကိုနိုင်က အခုလို ပြောကြားခဲ့တာပါ။

"တိုင်းရင်းသားအရေးဟာ ဖက်ဒရယ်အရေးပါ၊ ဒီမိုကရေစီအရေးဟာ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ အရေးပါ၊ အဲ့လို တိုင်းရင်းသားတွေကို ကျနော် က ဖြစ်စေချင်တာက ဖက်ဒရယ်အရေးကြီးပဲ အာရုံမစိုက်ပဲနဲ့ ဒီမိုကရေစီ အရေးကြီးတဲ့ အတွက်ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဒီမိုကရေစီနည်းကျဖို့ ဝိုင်းပေးပါ၊ တကယ်တော့ ပြည်တွင်းစစ် ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ဖို့၊ ဖက်ဒရယ်ဖြစ်ဖို့ အားလုံဟာ ဖွဲ့စည်းပုံကို မပြင်ပဲနဲ့ မရပါဘူး၊ ဒီမိုကရက်တစ်နိုင်ငံဖြစ်ဖို့လည်း ဖွဲ့စည်းပုံ ပြင်ရမယ်၊ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့လည်း ဖွဲ့စည်းပုံပြင်ရမယ်၊ ကျနော်တို့ တူနေပြီဒီမှာ၊ တူနေပြီဖြစ်တဲ့အတွက်ကြောင့် နှစ်ခုလုံးကို ခွဲထုတ်လို့မရအောင်၊ ကျနော်တို့ အမြဲတမ်းကပ်ထားတယ်"

ဒီနေ့ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဥပဒေပညာရှင် ဦးအောင်သိန်း တို့လည်း ဟောပြောခဲ့ပါတယ်။

အဲ့ဒီဟောပြောပွဲကို တောင်ကြီး၊ ဟိုပုံး၊ နမ့်စန်၊ လွိုင်လင်စတဲ့ မြို့နယ်တွေက NLD ပါတီဝင် တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်တွေနဲ့ ဒေသခံပြည်သူ ၁၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org