ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်၊ ပယ်ဖျက်သင့်တာတွေ အပြီးသတ်ပြီးစီး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပူးပေါင်းရေးကော်မတီ အစည်းအဝေးကို မနေ့က အပြီးသတ်ဆွေးနွေးပြီးပြီလို့ ပြည်ထောင်စုလွှတ်တော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးကို ၂၀၁၉ ဇွန် ၁၃ ရက်နေ့ကကျင်းပခဲ့စဉ် Photo: Pyidaungsu Hluttaw's FB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပူးပေါင်းရေးကော်မတီ အစည်းအဝေးကို မနေ့က အပြီးသတ်ဆွေးနွေးပြီးပြီလို့ ပြည်ထောင်စုလွှတ်တော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီအစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ မှ ၁၅ အထိ၊ နောက်ဆက်တွဲဇယား ၁ မှ ၅ တို့ကို လေ့လာ သုံးသပ်ပြီး ကော်မတီကိုတင်ပြခဲ့တဲ့အထဲက ပယ်ဖျက်ဖို့၊ ပြင်ဆင်ဖို့၊ အသစ်ဖြည့်စွက်ဖို့၊ မူလအတိုင်းထားရှိဖို့ စတဲ့ အဆိုပြုတင်ပြချက်တွေကို အပြီးသတ်စုစည်းပြီးပြီလို့ပါရှိပါတယ်။

အဲဒီအစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတွေအပါအဝင် ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော် သား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ေ ဖဖော်ဝါရီလကစပြီး ကော်မတီအစည်းအဝေးတွေကို စတင်ကျင်းပလာခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါဝင်တဲ့ အခန်းအလိုက်တင်ပြဆွေးနွေးခဲ့ပြီး ပါတီအလိုက်၊ အစုအဖွဲ့အလိုက် ပြင်ဆင်ချင်တဲ့ အချက် အလက်တွေကို ကော်မတီအဖွဲ့ဝင်တွေက တင်ပြဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org