ဖွဲ့စည်းပုံမပြင်ရင် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

အရှေ့ဥရောပနိုင်ငံတွေကို ခရီးထွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်နိုင်ငံ ကနေ သောကြာနေ့မနေ့က ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့ ကို ရောက်ရှိသွားပါပြီ။ ဘူဒါပက်စ်မြို့အရောက် သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရာ မှာ မြန်မာပြည်ရဲ့ လက်ရှိဖွဲ့စည်းပုံဥပဒေကို မပြင်ဆင် သရွေ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူးလို့ သူက ပြောကြားလိုက်ပါတယ်။

အရှေ့ဥရောပနိုင်ငံတွေကို ခရီးထွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ  ပိုလန်နိုင်ငံကနေ သောကြာနေ့ မနေ့က ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့ကို ရောက်ရှိသွားပါပြီ။ ဘူဒါပက်စ်မြို့အရောက် သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ မြန်မာပြည်ရဲ့ လက်ရှိ ဖွဲ့စည်းပုံဥပဒေကို မပြင်ဆင်သရွေ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမှာမဟုတ်ပါဘူးလို့ သူက ပြောကြားလိုက်ပါတယ်။

အဲဒီဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော်ကဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်ရေးကော်မတီက ဒီနှစ်ကုန်မှာတင်ပြမယ့် အစီရင်ခံစာ ထွက်ပေါ်လာတဲ့အခါ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လက်ရှိအစိုးရအနေနဲ့ အမှန်တကယ် စိတ်ဝင်စားမှု ဘယ်လောက်ရှိသလဲဆိုတာ အထင်အရှားမြင်ရပါလိမ့်မယ်၊

ဒါကြောင့် လာမယ့်လအနည်းငယ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုဆုံးဖြတ်ရာမှာ အင်မတန်အရေးပါတဲ့ ကာလဖြစ်မှာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် တဆက်တည်းမှာပဲ တကယ်လို့သာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မြန်မာအစိုးရအနေနဲ့ ပံ့ပိုးကူညီမှုမရှိဘူးဆိုရင် အဲဒီအစိုးရဟာ ဒီမိုကရေစီစနစ်ကို တကယ်လိုချင်တဲ့ အစိုးရမဖြစ်နိုင်ပါဘူးလို့လည်း သူကပြောကြားခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲကို NLD အနေနဲ့ သပိတ်မှောက်ဖို့ တစုံတရာကြိုတင်ထည့်သွင်း စဉ်းစားထားတာများရှိပါသလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့အနေနဲ့ အစိုးရနဲ့ ပူးပေါင်းဆက်ဆံရေးတံခါးကို ကာလရှည်ကြာစွာ  တတ်နိုင်သမျှ ဖွင့်ထားမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဟန်ဂေရီသမ္မတ Janos Ader နဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zsolt Nemeth တို့ကို မနေ့ကတွေ့ဆုံခဲ့ပြီး ဒီနေ့စနေနေ့မှာ ချက်သမ္မတနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org