ကွန်တိန်နာယာဉ်မောင်းတွေ ဆန္ဒပြ
ကွန်တိန်နာတင်ကားတွေ ထွက်ခွာဖို့ မူလသတ်မှတ်ထားတဲ့ ည ၉ နာရီကို ပြန်လည်သတ်မှတ်ပြီး မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူတာတွေ ပြန်လုပ်နေတဲ့အတွက် ထောင်နဲချီတဲ့ ကုန်တင်ကားတွေ မထွက်ဘဲ လမ်းပိတ်ဆန္ဒပြခဲ့ကြပါတယ်။
-
2018-10-11 -
-
-
ကွန်တိန်နာတင်ကားတွေ ထွက်ခွာဖို့ မူလသတ်မှတ်ထားတဲ့ ည ၉ နာရီကို ပြန်လည်သတ်မှတ်ပြီး မလိုက်နာသူတွေ ကို ဖမ်းဆီးအရေးယူတာတွေ ပြန်လုပ်နေတဲ့အတွက် ထောင်နဲချီတဲ့ ကုန်တင်ကားတွေ မထွက်ဘဲ လမ်းပိတ်ဆန္ဒပြ ခဲ့ကြပါတယ်။
အောက်တိုဘာ ၉ ရက်နေ့ကစပြီး သတ်မှတ်ချိန် ၉ နာရီထက် စောထွက်တဲ့ ကုန်တင်ကားတွေကို ယာဉ်ထိန်းရဲတွေ က ကွန်တိန်နာတင်ယာဉ်တွေကို ရပ်တန့်ဆန္ဒပြခဲ့ကြတာဖြစ်ကြောင်း ဆန္ဒပြတဲ့ယာဉ်မောင်းတွေက ပြောပါတယ်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ကွန်တိန်နာတင်ကားတွေကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ည ၉ နာရီကနေ မနက် ၆ နာရီအတွင်းပဲ သွားလာခွင့်ပေးခဲ့ပါတယ်။
ဒါပေမဲ့ စထွက်ချိန်အရမ်းနောက်ကျတဲ့အတွက် ကုန်စည်ပို့ဆောင်မှု အဆင်မပြေကြောင်း ကားမောင်းသမားတွေက တောင်းဆိုတာကြောင့် ည ၈ နာရီမှာစထွက်ဖို့ နှုတ်ကတိနဲ့ သဘောထားခဲ့ပေမဲ့ အောက်တိုဘာလ ၉ ရက်နေ့ကစပြီး ည ၉ နာရီမှ စထွက်ဖို့ ပြန်လည်ညွှန်ကြားခဲ့တာကြောင့် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ ကွန်တိန်နာအသင်းအဖွဲ့ဝင်တွေ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ည ၈ နာရီမှာ စတင်ထွက်ခွာဖို့ သဘောတူညီမှုရခဲ့တာကြောင့် ကွန်တင်နာတင်ကားတွေ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပေမယ့် ညနေပိုင်းအထိ လမ်းတွေပိတ်နေဆဲဖြစ်ပါတယ်။