ကိုရိုနာဗိုင်းရပ်စ်လူနာသစ် ၁၁၅ ဦးတွေ့ရှိ
ဓာတ်ခွဲနမူနာ ၁၃၇၀ ကို စစ်ဆေးချက်အရ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁၁၅ ဦးကို ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက် မနက်၈နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
-
2020-09-11 -
-
-
ကိုရိုနာရောဂါ ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်က လမ်းတစ်ခုကို ၂၀၂၀ စက်တင်ဘာလ ၁၁ ရက်နေ့က ပိတ်ထားစဉ်
ဓာတ်ခွဲနမူနာ ၁၃၇၀ ကို စစ်ဆေးချက်အရ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁၁၅ ဦးကို ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ၁၁ရက် မနက်၈နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့ညကထုတ်ပြန်ချက်အရ လူနာသစ် ၁၄၂ဦး တွေ့ရှိထားပြီးဖြစ်တာကြောင့် ၂၄ နာရီအတွင်း ပိုးတွေ့လူနာ ၂၅၇ ဦးရှိပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမနက်အထိ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာပေါင်း ၂၂၆၅ ရှိပါပြီ။
ပိုးတွေ့လူနာအများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာမလိုအပ်ဘဲ ခရီးမသွားဖို့တားမြစ်ထားပြီး မြို့နယ်ပေါင်း ၂၈ ခု ကိုလည်း နေအိမ်တွေမှာပဲနေဖို့ အမိန့်ကြေညာထားပါတယ်။