ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်ဦးထပ်တိုး
စက်တင်ဘာလ ၄ ရက်နေ့မနက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၂၂ ဦး နဲ့ သေဆုံးသူ တစ်ဦး ထပ်တိုးလာပါတယ်။
-
2020-09-03 -
-
-
စက်တင်ဘာလ ၄ ရက်နေ့မနက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၂၂ ဦး နဲ့ သေဆုံးသူ တစ်ဦး ထပ်တိုးလာပါတယ်။
အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ခုနှစ်ဦးအထိရှိနေပါပြီ။
အရေပြားလေးဖက်နာရောဂါအခံရှိသူ လူနာအမှတ် ၁၀၂၃ ဟာ ကျောက်ကပ်ပျက်စီးပြီး ရုတ်တရက် နှလုံး စည်းချက်မမှန်ဖြစ်ပြီး နှလုံးအမောဖောက်ခြင်းကြောင့် မနေ့ည ၁၀ နာရီခွဲမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ပိုးတွေ့လူနာသစ် ၂၂ ဦးထဲမှာတော့ အယောက် ၂၀ ဟာ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပါတယ်။
မကွေးတိုင်း၊ အောင်လံမြို့နယ်နဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်က ၁ ယောက်စီပါဝင်ပါတယ်။
ရန်ကုန်တိုင်းမှာတော့ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မရမ်းကုန်း၊ စမ်းချောင်း၊ သာကေတ၊ လှိုင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လမ်းမတော်၊ ရန်ကင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ပိုးတွေ့လူနာတွေ ထပ်မံတွေ့ရှိတာ ဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းအထိ ပိုးတွေ့လူနာစုစုပေါင်းဟာ ၁၁၃၃ ဦးရှိနေပြီဖြစ်ပါတယ်။