တစ်ရက်တည်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ ၂၆၀ ကျော်စံချိန်တင်တွေ့
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် (၁၄၂ ) ယောက် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၀ ရက်နေ့ ည (၈) နာရီမှာ ထုတ်ပြန်ကြေညာပါတယ်။
-
2020-09-10 -
-
-
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ၁၄၂ ယောက် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီမှာ ထုတ်ပြန်ကြေညာပါတယ်။
လူနာသစ် အယောက် ၁၂၀ တွေ့ရှိကြောင်း ဒီမနက်ပိုင်းမှာ ထုတ်ပြန်ထားတာကြောင့် ဒီနေ့တစ်ရက်လုံးမှာ တွေ့ရှိတဲ့လူနာစုစုပေါင်း ၂၆၂ ယောက် ရှိပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဒီကနေ့ နောက်ထပ်နှစ်ဦး သေဆုံးသွားပါတယ်။
ရန်ကုန်တိုင်း၊ ဖောင်ကြီး ဗိုင်းရပ်စ်ကုသရေးဌာနမှာ ဆေးကုသနေတဲ့ အသက် (၅၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားတာပါ။
သေဆုံးသွားသူနှစ်ယောက်ဟာ ဆီးချို၊ သွေးတိုးရောဂါ အခံတွေရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုအချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၄ ယောက် ရှိသွားပြီဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၂၁၅၀ ယောက် ရှိသွားပါပြီ။
ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၆၂၅ ယောက် ရှိပါတယ်။
ရန်ကုန်တိုင်းမှာ ရောဂါကူးစက်ခံထားရတဲ့သူ အများဆုံးရှိတာကြောင့် မနေ့ကစပြီး မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြဖို့ Stay at Home အမိန့်ကို မြို့နယ် ၂၁ မြို့နယ်မှာ အစိုးရက ထုတ်ပြန်ထားပါတယ်။