မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁ ဦး ထပ်တိုး

မြန်မာအစိုးရရဲ့ ဇွန်လ ၁၁ ရက် မနေ့ညက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ နောက်ထပ် ၁၁ ဦး တွေ့ရှိရတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၂၆ဝ ရှိပြီဖြစ်ပါတယ်။

corona-622.jpg

မြန်မာအစိုးရရဲ့ ဇွန်လ ၁၁ ရက် မနေ့ညက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ နောက်ထပ် ၁၁ ဦး တွေ့ရှိရတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၂၆ဝ ရှိပြီဖြစ်ပါတယ်။

ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က မြန်မာနိုင်ငံမှာ နိုင်ငံခြားက ပြန်လာသူတွေကို သီးခြားစောင့်ကြည့်စခန်းတွေမှာ  ထိန်းသိမ်းထားနိုင်တဲ့အတွက် အခြေအနေကောင်းမွန်နေဆဲပါပဲ။ ဒါပေမယ့် ဧရာဝတီတိုင်းတခုတည်းမှာတင် ဒီကနေ့အထိ စောင့်ကြည့်လူနာ ၂သောင်းကျော်ရှိပြီ ဖြစ်တဲ့အတွက် သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အစားအစာကျွေးမွေးရေးအပါအဝင် အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရပါတယ်။  နိုင်ငံခြားပြန်တချို့က စည်းကမ်းချိုးဖောက်မှုတွေရှိနေသလို  အဲဒီသူတွေထံက နမူနာ တို့ဖတ်တွေကို ပို့ဆောင်ရာမှာလည်း အခုအချိန်ထိ ပုသိမ်ကနေ ရန်ကုန် ဓာတ်ခွဲခန်းကို ပို့ရတာ အကြိမ် ၁၅ဝ ကျော်ပြီဖြစ်တယ်လို့ RFA ကို မနေ့ညက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရှိ ဒေါက်တာ ဦးတင့်ဆွေကလည်း မြန်မာနိုင်ငံမှာ လက်ရှိကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးမှု နည်းပါးတာ မှန်ပေမယ့် ဒီရောဂါနဲ့ ပတ်သက်ပြီး နောက်ဆုံးသိရှိထားရတဲ့ နိုင်ငံတကာ အခြေအနေတွေအရ  သတိကြီးစွာထားဖို့ လိုတယ်လို့ အကြံပေးပါတယ်။

လက်ရှိအားဖြင့် ဧရာဝတီတိုင်းအဝင်အထွက်တွေမှာ ကိုယ်ပူချိန်တိုင်း ကိရိယာတွေ တပ်ဆင်စစ်ဆေးနေပြီး အစိုးရရော လူထုပါ တတ်စွမ်းသမျှ လုပ်ဆောင်နေပေမယ့် နိုင်ငံခြားက ပြည်လည်ခိုးဝင်လာသူတွေထံကနေ ရောဂါပိုးပါလာမှာကို  စိုးရိမ်ရတယ်လို့ ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ  ဒီကနေ့အထိ သေဆုံးသူ ၆ ဦးပဲရှိသေးတဲ့အတွက် တခြားနိ်ုင်ငံတွေနဲ့ နှိုင်းစာရင် နည်းပါးသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူတွေ နိုးကြားမှုရှိမှသာ အခြေအနေဆိုးတွေကို  ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org