အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားစေနိုင်

အကျင့်ပျက်ခြစားမှုဟာ ဒီမိုကရေစီကို ပျက်သုန်းစေတဲ့အရာဖြစ်တယ်လို့ မွန်ဂိုလီးယား နိုင်ငံရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက်ပါတယ်။ လူလန်ဘာတာ မြို့တော်မှာကျင်းပတဲ့ ၇ ကြိမ်မြောက် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံမှာ အဲဒီလိုပြောကြား လိုက်တာပါ။

ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆုကို လက်ခံရယူဖို့ မွန်ဂိုလီးယားကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ပုံ photo: Community of Democracies

အကျင့်ပျက်ခြစားမှုဟာ ဒီမိုကရေစီကို ပျက်သုန်းစေတဲ့ အရာဖြစ်တယ်လို့ မွန်ဂိုလီးယားနိုင်ငံရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက် ပါတယ်။ လူလန်ဘာတာမြို့တော်မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံမှာ အဲဒီလိုပြောကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားသမ္မတက ဖိတ်ကြားတဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တော်တစ်ဦး အဖြစ် ညီလာခံမှာ တက်ရောက်ဆွေးနွေးတာဖြစ်ပြီး၊ ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆုကိုလည်း လက်ခံရယူဖို့ရှိပါတယ်။ ဒီဆုဟာ ပိုလန်နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်သူတစ်ဦးဖြစ်ပြီး ကမ္ဘာတဝန်းဒီမိုကရေစီထွန်းကားရေး ဆောင်ရွက်တဲ့ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ထူထောင်သူတွေထဲ ပါဝင်တဲ့ ပါမောက္ခ Bronisław Geremek ကို ဂုဏ်ပြုချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယား သမ္မတအိမ်တော်မှာ  “မွန်ဂိုလီးယားနဲ့ မြန်မာလွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရှေးရှုရာလမ်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သမ္မတနဲ့အတူ မနက်ဖြန်ဟောပြောမှာဖြစ်ပြီး သတင်းစာဆရာတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ရည်ရွယ်ကျင်းပတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org