အဂတိလိုက်စားမှု အများဆုံးနိုင်ငံစာရင်းထဲမှာ မြန်မာပါရှိ

၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေကို လေ့လာရာမှာ မြန်မာ နိုင်ငံဟာ အဆိုးဝါးဆုံးနိုင်ငံထဲမှာ ပါရှိနေတာတွေ့ရပါတယ်။ နိုင်ငံတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အဂတိလိုက်စားမှု အခြေအနေ ကို လေ့လာတဲ့အဖွဲ့Transparency International ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။

အဂတိလိုက်စားမှု အဆိုးဝါးဆိုးနိုင်ငံစာရင်းတွင် ၁၇၂ နေရာတွင်ရှိတဲ့ မြန်မာနိုင်ငံကို ကာလာချပ်တွင် ဖော်ပြထားတာတွေ့ရစဉ် Photo: Transparency International Website

နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုကို လေ့လာရာမှာ သုံည ကနေ တစ်ရာ အထိ အမှတ်ပေးစနစ်နဲ့ ဘက်ပေါင်းစုံက တွက်ချက်ပြောတာဖြစ်ပါတယ်။ အမှတ်အနည်းဆုံးနိုင်ငံဟာ အဂတိလိုက်စားမှု အများဆုံးဖြစ်ပြီး အမှတ်အများဆုံးနိုင်ငံဟာ အဂတိလိုက်စားမှု အနည်းဆုံး၊ တနည်းအားဖြင့် သန့်ရှင်းတဲ့အစိုးရတွေ အုပ်ချုပ်တဲ့ နိုင်ငံစာရင်းထဲမှာ ထည့်သွင်းဖေါ်ပြခံရတာဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၇၆ နိုင်ငံကို လေ့လာတဲ့အခါ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးနိုင်ငံဖြစ်နေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနဲ့ ဆိုမားလီးယား နိုင်ငံတို့ထက် အနည်းငယ်သာတာကို တွေ့ရှိရပါတယ်။

အမှတ် ၉ဝ ပတ်ဝန်းကျင်မှာ ရရှိကြပြီး အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံတွေကတော့ ဒိန်းမတ်၊ ဖင်လန်၊ နယူးဇီလန် နိုင်ငံတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ကွန်မြူနစ် လာအိုနိုင်ငံဟာ မြန်မာနိုင်ငံထက် အဂတိလိုက်စားမှုနည်းတဲ့ နိုင်ငံစာရင်းထဲမှာ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org