ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းကြောင်း စစ်ကောင်စီကြေညာ

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်လိုက်ပြီလို့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖွဲ့စည်းခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၂၆ ရက် ဒီနေ့ ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီလအစောပိုင်းက ရန်ကုန်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုမှာ "ကျနော်တို့ ပေးခဲ့တဲ့ မဲတွေကို လေးစားပါ" စာတန်းပါ ဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒပြနေသူတစ်ဦး။ File Photo/Reuters

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်လိုက်ပြီလို့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖွဲ့စည်းခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၂၆ ရက် ဒီနေ့ ကြေညာလိုက်ပါတယ်။

မြို့နယ်အလိုက် မဲစာရင်းတွေကို စစ်ဆေးတွေ့ရှိချက်အရ တစ်နိုင်ငံလုံးမှာ မဲစာရင်း ၁၁ သန်းကျော် မှားယွင်းပြီး မဲမသမာမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားပြီး NLD အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးဖို့ နိုင်ငံတကာက တောင်းဆိုနေချိန်မှာပဲ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ဒီမဲရလဒ်တွေကို ပယ်ဖျက်လိုက်တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွေ မှားယွင်းတယ်ဆိုတဲ့ စွပ်စွဲအကြောင်းပြချက်နဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီး ရွေးကောက်ခံ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org