ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းတဲ့ စစ်ကောင်စီလုပ်ရပ်ကို နိုင်ငံရေးပါတီကြီးတွေ လက်မခံ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလိုက်ပြီလို့ စစ်ကောင်စီက ခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဇူလိုင်လ ၂၆ ရက် မနေ့က ည ၈ နာရီမှာကြေညာလိုက်ပါတယ်။
-
နေရိန်ကျော်(ဝါရှင်တန်ဒီစီ)
2021-07-26 -
-
-
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလိုက်ပြီလို့ စစ်ကောင်စီက ခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဇူလိုင်လ ၂၆ ရက် မနေ့က ည ၈ နာရီမှာကြေညာလိုက်ပါတယ်။
တနိုင်ငံလုံးမှာ မဲမသမာမှု ဆယ့်တစ်သန်းသုံးသိန်းကျော် တွေ့ရတဲ့အတွက် ဖျက်သိမ်းတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေကို NLD အစိုးရ ရဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ သဘောထားအတိုင်း ခန့်ခဲ့တယ်လို့ စွပ်စွဲထားသလို၊ မှတ်ပုံတင် မရှိဘဲ မဲပေးထားတာ၊ မှတ်ပုံတင်တစ်ခုတည်းနဲ့ နှစ်မဲသုံးမဲ ပေးထားတာ၊ ကြိုတင်မဲတွေ ယူတဲ့နေရာမှာ NLD အောင်နိုင်ရေးအဖွဲ့တွေ ပါနေတာ စသဖြင့် အကြောင်းပြချက် ၁၁ ချက် ဖော်ပြထားပါတယ်။
ဒီကြေညာချက်ကို စစ်ကောင်စီက ခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး နာမည်နဲ့ တာဝန်ခံ ထုတ်ပြန်ထားသလို၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာမှာလဲ အစအဆုံး ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၁၀ ပါတီကအနိုင်ရခဲ့ပြီး၊ အဲဒီထဲမှာ လွှတ်တော် ကိုယ်စားလှယ်နေရာ ၃၉၆ နေရာနဲ့ NLD ပါတီက ပထမဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းလိုက်တဲ့အပေါ် NLD ရဲ့ သဘောထားအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လဲဖြစ်၊ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဝင်လဲဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းကို မေးကြည့်တဲ့အခါ၊ စစ်ကောင်စီဟာ မတရားအာဏာသိမ်းထားတဲ့အဖွဲ့ဖြစ်လို့ ဒီလိုကြေညာတာကို လက်ခံမှာမဟုတ်သလို၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် တိုင်းရင်းသားအဖွဲ့တွေနဲ့အတူ ဆက်ပြီး ဆောင်ရွက်သွားဖို့ပဲ ရှိတယ်လို့ပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တွေကို ဖျက်သိမ်းမယ်ဆိုရင်လွယ်လွယ်ကူကူနဲ့ ဖျက်သိမ်းလို့မရဘူး။ ဥပဒေတွေ ပြဌာန်းပြီးတော့မှ ဖျက်သိမ်းလို့ရတယ်ပေါ့နော်။ သူတို့ ထုတ်ပြန်ထားတဲ့ အချက်မှာလဲ မဲစာရင်း မသမာဘူးဆိုတာ ဒီကိစ္စနဲ့ပတ်သက်လို့လဲ စစ်ကောင်စီဟာ မတရားအာဏာသိမ်းချင်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ကိစ္စဆိုတာ မြန်မာပြည်ထဲကပြည်သူတွေရော ကမ္ဘာ့နိုင်ငံ အသီးသီးကပါ သိရှိပြီးဖြစ်တဲ့အတွက် သူတို့ကြေညာတာက သူတို့က တရားဝင်အဖွဲ့အစည်း မဟုတ်ဘူး။ သူတို့ဟာ မတရားအာဏာသိမ်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ကတော့ လုံးဝလက်ခံနိုင်ခြင်း မရှိဘူး။ အဲဒီလိုပဲ ကျွန်မတို့အနေနဲ့ ခုဟာကတော့ ကျွန်မတို့သွားရ မယ့်နိုင်ငံရေးလမ်းကြောင်း မှာ စစ်အာဏာရှင်စနစ်ကို ဘယ်တော့မှ မြန်မာနိုင်ငံမှာ မရှိဖို့အတွက်ကို ခုလတ်တလောအနေအထားမှာ ကျွန်မတို့တိုင်းရင်းသား EAO အဖွဲ့တွေ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ပြည်သူတွေအားလုံး စုပေါင်းပြီးတော့ ကျွန်မတို့က ဆက်သွားဖို့အတွက်လဲ ပြင်ဆင်ထားပြီးသား ဖြစ်တဲ့အတွက် သူတို့အခုလို ကြေညာလိုက်တဲ့ဟာက တရားမဝင်အဖွဲ့အစည်းက ကြေညာလိုက်တာဖြစ်တဲ့အတွက် ကျွန်မတို့ ဂရုစိုက်စရာလဲမလို ဘူး။ ကျွန်မတို့က ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ legitimate (တရားဝင်အသိအမှတ်ပြုမှု) ရှိတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် အခုလို မတရားသဖြင့်ကြေညာတဲ့အပေါ်မှာ ဂရုစိုက်မှာ မဟုတ်သလို၊ ကျွန်မတို့သွားရမယ့် မြန်မာ့နိုင်ငံရေး လမ်းကြောင်းကို တိုင်းရင်းသားတွေနဲ့ ပေါင်းစပ်သွားရမှာကို ဆက်သွားနေမှာဖြစ်တယ်ဆိုတာ ကျွန်မပြောချင်ပါတယ် ”
၂၀၂၀ ရွေးကောက်ပွဲမှာ ထိပ်ဆုံးကကိုယ်စားလှယ် အများစုရထားတဲ့ပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD လဲ ပါဝင်ပါတယ်။ ဒါကြောင့် SNLD ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကိုမေးကြည့်တဲ့အခါ …..
အဲဒီအပြင် ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရတဲ့ ထိပ်ပိုင်းပါတီတွေထဲ ANP ရခိုင်အမျိုးသား ပါတီလဲပါဝင်တဲ့အတွက် ANP ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဖေသန်းရဲ့ သဘောထားကို မေးကြည့်တော့ သူ့သဘောထားကို အခုလိုပြောပါတယ်။
“ပါတီနဲ့တော့ ကျနော်ကဝေးနေတယ်ဗျ။ ကျနော့် သဘောထားပဲပြောလို့ရမယ်။ ဒါကတော့ အာဏာ စသိမ်းတယ်ဆိုကတည်းကပေါ့နော်။ ရွေးကောက်ပွဲဟာ
ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တချို့ရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားကို သိနိုင်ဖို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကို RFA က တယ်လီ ဖုန်းနဲ့ရော ဖေ့စ်ဘွတ်မက်ဆင်ဂျာကပါ မနေ့ညဦးပိုင်းက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာမရှိလို့ စစ်ကောင်စီက ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းလိုက်တဲ့အပေါ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ သဘောထားကို မသိရသေးပါဘူး။
၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်ကမဲရုံမှာ မဲလာပေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရွေးကောက်ပွဲရလဒ်ကို လက်ခံမှာလားလို့ သတင်းထောက်တွေ မေးကြတဲ့အခါ သူက အခုလိုဖြေဆိုထားပါတယ်။
“ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်အတွက် လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး။ လက်ခံရမှာပေါ့”