လက်ပံတန်းမှာ ဖမ်းဆီးခံထားရ သူတွေထဲက နောက်ထပ် ၁၁ ဦး လွှတ်ပေး

လက်ပံတန်းမြို့ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းမှုအပြီး ဖမ်းဆီးခံ ထားရသူ ၈၀ ဦး ကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေး ရာ မြို့ခံ ၁၀ ဦးနဲ့ ကျောင်းသား ၁ ဦး စုစုပေါင်း ၁၁ ဦး ကို လွှတ်ပေးလိုက်ပါတယ်။

လက်ပံတန်း ကျောင်းသားသပိတ်မှာ ဖမ်းဆီးခံရတဲ့ ကျောင်း သား၊ ကျောင်းသူတွေကို မတ်လ ၂၅ ရက်နေ့က လက်ပံတန်း တရားရုံးမှာ ရုံးထုတ်လာစဉ်။ Photo: Kyaw Zaw Win/RFA

လက်ပံတန်းမြို့ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်း ဖက်ဖြိုခွင်းမှုအပြီး ဖမ်းဆီးခံထားရသူ ၈၀ ဦးကို လက်ပံ တန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာ မြို့ခံ ၁၀ ဦး နဲ့ ကျောင်းသား ၁ ဦး စုစုပေါင်း ၁၁ ဦးကို လွှတ်ပေးလိုက် ပါတယ်။

ဒီနေ့ ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသားသပိတ် ကို အားပေးကူညီသူ ကိုကျော်သူသူ က အမှုကနေ အပြီး လွှတ်ပေးတာမဟုတ်ဘဲ အာမခံနဲ့လွှတ်ပေးလိုက်တာဖြစ် တယ်လို့ ပြောပါတယ်။

"ကျနော်တို့ကို အစတုန်းက ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ) နဲ့စွဲဆိုထားပါတယ်၊ ပထမဦးဆုံးပေါ့၊ ဒီနောက်မှာ ကျနော်တို့ရဲ့ထွက်ဆိုချက်များအရ ၃၃၂နဲ့ ၅၀၅(ခ) ကို စွဲဆိုခြင်းမရှိဘဲနဲ့ ကျနော်တို့ကို ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ကို အာမခံရတယ်ဆိုပြီး ပြန်ပြီး လွှတ်ပေးတာပါ"

ကျန်တဲ့ ၆၉ ယောက်ကို ရဲမှူးကြီး ဖုန်းမြင့်က တရားလိုလုပ်ပြီး ပုဒ်မ ၅ ခုနဲ့ တရားစွဲ လိုက်ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်၊ ကိုမြတ်သူနဲ့ ကိုနန္ဒစစ်အောင်တို့ကိုလည်း ပုဒ်မ ၅ ခုနဲ့ တရားစွဲထားပြီး တရားခံပြေးအဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ်နဲ့ မဖြိုးဖြိုးအောင် အပါအဝင် ၆၉ ယောက်ကို လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ထပ်မံ စစ်ဆေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းပြီး ကျောင်း သား ကျောင်းသူတွေနဲ့ အားပေးကူညီသူ စုစုပေါင်း ၁၂၇ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက ၅၉ ယောက်ကို လွှတ်ပေးပြီးဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မပြုံးမို့မို့ဇင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ရုံးထုတ်ရာမှာပါဝင်တဲ့ ကျောင်းသားသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်မှိုင်းဆန်းနဲ့ တေ့ွခွင့်ရခဲ့တဲ့ ဇနီးဖြစ်သူ မလဲ့လဲ့နွယ်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org