ဦးကိုနီအမှု လဝက ဒုဦးစီးမှူးဟောင်း အောင်ဝင်းထွန်း ကို စစ်ဆေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စွဲချက်တင်ခံထားရသူ အောင်ဝင်းထွန်း ဆိုသူကို ရန်ကုန်မြို့ အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အောင်ဝင်းထွန်း ကို ၂၀၁၈ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စွဲချက်တင်ခံထားရသူ အောင်ဝင်းထွန်း ဆိုသူကို ရန်ကုန်မြို့ အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အောင်ဝင်းထွန်းဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဒုတိယဦးစီးမှူးဟောင်း တစ်ဦးဖြစ်လည်းဖြစ်ပါတယ်။

တရားရုံးမှာ ဒီနေ့ အောင်ဝင်းထွန်းရဲ့ ထွက်ဆိုချက်တွေဟာ အရင်က ထွက်ဆိုသူတွေရဲ့ ထွက်ဆိုချက်နဲ့ ကွဲလွဲမှုတွေ ရှိနေတယ်လို့ ဦးကိုနီဘက်က ရှေ့နေအဖြစ်လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးခင်မောင်ဌေး က ပြောပါတယ်။

ရှေ့နေ ဦးကိုနီဟာ  ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ အနီးကပ် ပစ်ခတ် လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော် တို့ကို အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဆွဲချက်တင်စစ်ဆေးနေတာဖြစ်ပါတယ်။

ဒီနေ့ စစ်ဆေးခံခဲ့ရတဲ့ အောင်ဝင်းထွန်းဆိုသူဟာ ပြစ်မှုကျုးလွန်သူကို လွတ်မြောက်အောင်ကူညီမှု ပုဒ် ၂၁၂ နဲ့ စွဲချက် တင်ခံထားရသူဖြစ်ပြီး သူနဲ့  အောင်ဝင်းဇော် တို့ဟာ ကရင်ပြည်နယ် ဘားအံတံတားမှာ အတူ ဖမ်းစီးခံခဲ့ရပါတယ်။ အောင်ဝင်းထွန်း ဆိုသူကတော့ အခုလက်ရှိမှာ အာမခံရထားလို့ တရားရုံးအပြင်ဘက်ကနေ တရားရင်ဆိုင် နေသူဖြစ်ပါတယ်။

အောင်ဝင်းထွန်း ကို အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ မနက်ဖြန်ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org