ရိုဟင်ဂျာ ပြက္ခဒိန်အမှု ရုံးထုတ်စစ်ဆေး

ရိုဟင်ဂျာဟာ တိုင်းရင်းသားတွေ ဖြစ်တယ် လို့ ရေသားထားတဲ့ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာနဲ့ ပြက္ခဒိန် ရိုက်နှိပ်ထုတ်ဝေသူ ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် အပါအဝင် ၅ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဒီနေ့ ပုဇွန်တောင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က "ကျော်” ပုံနှိပ်တိုက်မှာ ရိုက်နှိပ်ခဲ့တဲ့ ရိုဟင်ဂျာပြက္ခဒိန်ကို တွေ့ရစဉ် Photo: Bone Myat/RFA

ရိုဟင်ဂျာဟာ တိုင်းရင်းသားတွေ ဖြစ်တယ်လို့ ရေသားထားတဲ့ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာနဲ့ ပြက္ခဒိန် ရိုက်နှိပ်ထုတ်ဝေသူ ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် အပါအဝင် ၅ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဒီနေ့ ပုဇွန်တောင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ရုံးထုတ်စစ်ဆေးတာ ၃ကြိမ်မြောက်ဖြစ်ပြီး သွားရောက်ဖမ်းဆီးစဉ်က ပါဝင်ခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို စစ်ဆေးနေတာဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ် တရားသူကြီးက ပြောပါတယ်။

အဲဒီလိုပြက္ခဒိန်ရိုက်နှိပ်ဖို့ အပ်နှံသူဖြစ်တဲ့ ဦးအောင်ခင် (စစ်တွေ) က လွတ်မြောက်နေဆဲဖြစ်ပြီး တရားခံပြေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။  

ကျော် ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်၊ ပုံနှိပ်တိုက် မန်နေဂျာ ဦးရဲသူအောင်၊ အလုပ်သမားတွေဖြစ်တဲ့ ဦးဝင်းနိုင်၊ ဦးဇော်မင်းဦး၊ ဦးဝင်းထွေးတို့ ၅ ဦးကို ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေ ပုဒ်မ ၂၀ နဲ့ ဒဏ်ငွေကျပ် ၁၀ သိန်းစီ ပေးဆောင်ဖို့ အမိန့်ချမှတ်ထားပြီးနောက် ပုံနှိပ်တိုက်ကိုလည်း ပိတ်ထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာနဲ့ ထုတ်ဝေဖို့ ရိုက်နှိပ်ထားတဲ့ ပြက္ခဒိန်မှာ ရိုဟင်ဂျာလူမျိုး တွေဟာ မြန်မာ တိုင်းရင်းသားတွေဖြစ်တယ်ဆိုတဲ့ ရုပ်ပုံစာသားတွေနဲ့ သမိုင်းအထောက်အထားအချို့ကိုလည်း ဖော်ပြထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org