ဥပဒေခုံရုံး ဆုံးဖြတ်ချက် လွှတ်တော်မဏ္ဍိုင် ထိခိုက်ကြောင်း အမတ်များပြော
ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မရှိဘူးဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ဟာ ဥပဒေပြုရေး အာဏာဖြစ်တဲ့ လွှတ်တော်ရဲ့ကဏ္ဍကို ထိခိုက်စေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
-
2012-03-29 -
-
-
လွှတ်တော်မှာ တင်သွင်းတဲ့ အစိုးရရဲ့ စီမံကိန်းတွေ၊ ဘဏ္ဍာငွေ အသုံးစရိတ်တွေကို လိုအပ်ရင် လိုအပ်သလို ရေးရာကော်မတီတွေက သက်ဆိုင်ရာ ဝန်ကြီးတွေကို ခေါ်ယူစစ်ဆေး မေးမြန်းရတဲ့ အခြေအနေတွေအပေါ် ဒီဆုံးဖြတ်ချက်က ထိခိုက်စေတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရခိုင်တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
ရေးရာကော်မတီဝင်တွေကို သက်ဆိုင်ရာအလိုက် လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်ပြီး လွှတ်တော် ကိုယ်စားလှယ် အသီးသီးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။
ဒီအဆိုပြုချက်ကို နိုင်ငံတော် သမ္မတရုံးကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်ရုံးကနေ ဖွဲ့စည်းပုံခုံရုံးကို စစ်ဆေးပေးဖို့ တင်သွင်းခဲ့တာဖြစ်ပြီး မတ်လ ၂၈ ရက်နေ့မှာ ခုံရုံးက ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် တတိယအကြိမ်မြောက် အစည်းအဝေးမှာတော့ ရေးရာကော်မတီနဲ့ ကော်မရှင်တွေဆိုင်ရာကိစ္စကို ဖွဲ့စည်းပုံမှာ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းနိုင်အောင် လွှတ်တော်ကိုယ်စားလှယ်တွေက အသင့်ပြင်ဆင်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ ပါတီသစ်ခေါင်းဆောင် ဦးသိန်းညွန့်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အင်ကြင်းနိုင်က စုစည်းတင်ပြမှာ ဖြစ်ပါတယ်။
စုစည်း တင်ပြချက်။ | |
အသံဖိုင်ယူရန်။ |