ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းသူ ရဲအရာရှိတွေကို အရေးယူဖို့ တိုင်ကြားချက် ပယ်ချခံရ

လက်ပံတန်းမြို့ ကျောင်းသားသပိတ် စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲမှုနဲ့ လက်ပံတန်းမြို့နယ် ရဲမှူး ဖုန်းမြင့်နဲ့ ရဲစခန်းမှူး ဒုရဲမှူး စန်းမြင့်တို့ကို အရေးယူပေးဖို့ ရှေ့နေ ဦးရောဘတ် စန်းအောင်က တိုင်ကြားထားတာကို သာယာဝတီမြို့နယ် တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲမှုနဲ့ လက်ပံတန်းမြို့နယ် ရဲမှူး ဖုန်းမြင့်နဲ့ ရဲစခန်းမှူး ဒုရဲမှူး စန်းမြင့်တို့ကို အရေးယူပေးဖို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က တိုင်ကြားထားတာကို သာယာဝတီမြို့နယ်တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။ သာယာဝတီခရိုင်တရားရုံးထံ အယူခံထပ်တင်သွား မယ်လို့ ရှေ့နေဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ပယ်လိုက်တယ်ဆိုတာကတော့ နောက်တစ်နေ့မှာ ရမာန်ယူတယ်၊ နောက်တစ်ချက်က တရားစွဲဆို ခွင့်ပြုမိန့်မပါဘူးဆိုပြီးတော့ နှစ်ချက်နဲ့ပယ်တာပေါ့၊ ကျနော်တို့ဘက်က ထောင်ဆေးစာတို့နဲ့တင်တာပါ"

ဒါ့အပြင် ပြီးခဲ့တဲ့ရုံးချိန်းမှာ အာမခံလျှောက်ထားတဲ့ ကျောင်းသား ၁၀ ဦးကိုလည်း အကြောင်းပြချက် မခိုင်လုံဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။ သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံ့ဝန်ထမ်းနာကျင်စေမှု စတဲ့ ပုဒ်မ ၅ခုနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူ နဲ့ ဝန်းရံသူ ၅၃ ဦးရှိပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA အဖွဲ့သားကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org