အသိမ်းခံလယ်များ ပြန်ရဖို့ ဆန္ဒပြသူ ထောင် ၉ လကျခံရ

တစ်နိုင်ငံလုံးမှာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့အတွက် ၃ ကြိမ် ဆန္ဒပြခဲ့တဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို သံတွဲမြို့နယ်တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီကနေ့ RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ဟိုတယ်တည်ဆောက်ဖို့ သိမ်းထားတဲ့မြေတွေ ပြန်ပေးရေး သြဂုတ်လ ၂၃ ရက်နေ့က သံတွဲမြို့ခံ ကိုစိုးဝေ ဆန္ဒပြနေစဉ် photo: RFA/ Min Thein Aung

တစ်နိုင်ငံလုံးမှာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့အတွက် ၃ ကြိမ် ဆန္ဒပြခဲ့တဲ့ သံတွဲြို့ခံ ကိုစိုးဝေကို သံတွဲြို့နယ်တရားရုံးက ြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်ေန့မှာ အလုပ်နဲ့ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တယ်လို့  မိသားစုဝင်တွေက ဒီကနေ့ RFA ကို ပြောပါတယ်။

ကိုစိုးဝေဟာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ၂ ကြိမ်၊ စက်တင်ဘာလ ၂ ရက်နေ့က ၁ ကြိမ် သံတွဲမြို့ပေါ်မှာ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုဆန္ဒပြခဲ့တာပါ။

ပြစ်ဒဏ်ချမှတ်ခံရတာဲ့ ပတ်သက်ပြီး ကိုစိုးဝေရဲ့ ညီဖြစ်သူ ကိုအောင်နိုင်က အခုလို ပြောပါတယ်။

၉ ရက်နေ့မှာ ပုဒ်မ ၁၈ ကို တစ်မှုကို ၃ လစီနဲ့ သုံးမှုအတွက်ကို ၉ လချတယ်၊ အဲဒီ့ဥစ္စာက အလုပ်ပါပါတယ်၊ ချပြီးတာနဲ့ ချက်ချင်းထောင်ကိုပို့လိုက်တယ်၊ အယူခံဝင်ဖို့တော့ အစီအစဉ်ရှိပါတယ်”

သံတွဲြမို့နယ်ရဲစခန်းက ပထမ ၂ ြကိမ် ဆန္ဒပြတာမှာ အာမခံပေးခဲ့ပေဲ့ ၃ ကြိမ်ေမြာက် ဆန္ဒပြအြီးမှာ အာမခံမပေးတော့ဲ သံတွဲအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org