ကိုထင်ကျော်ကို ထောင်ဒဏ် ၆ လ ချမှတ်
ပြီးခဲ့တဲ့ သြဂုတ်လက တရားမဝင်စီ တန်းလှည့်လည်မှု ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့ ကျောက် တံတားမြို့နယ် တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကိုထင်ကျော်ကို ကျောက်တံတားမြို့နယ် တရားရုံးက မနေ့က ပုဒ်မ ၁၈ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ အမိန့်ချမှတ်လိုက်ပါတယ်။
-
2013-10-22 -
-
-
ပြီးခဲ့တဲ့ သြဂုတ်လက တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကိုထင်ကျော်ကို ကျောက်တံတားမြို့နယ် တရားရုံးက မနေ့က ပုဒ်မ ၁၈ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ အမိန့်ချမှတ်လိုက်ပါတယ်။
ကိုထင်ကျော်ဟာ လက်ရှိအင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတာ ၃ လလောက်ရှိပြီဖြစ်ပြီး သူ့ကို ပုဒ်မ ၁၈နဲ့ပဲ တရားစွဲဆိုထားတဲ့ မြို့နယ်လေးခုလောက် ရှိနေသေးတယ်လို့ ကိုထင်ကျော် ဦးဆောင်တဲ့ "ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့" သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဇေယျာက ပြောပါတယ်။
ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်တရားရုံးက ကိုထင်ကျော်ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲထားတာရှိသေးတယ်လို့လည်း သိရပါတယ်။
ကိုထင်ကျော်ဟာ ၂၀၀၇ခုနှစ်က လောင်စာဆီနဲ့ ကုန်ဈေးနှုန်းမြင့်တက်တဲ့အပေါ် တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့အတွက် ၁၂နှစ်ကျော်ထောင်ကျခံခဲ့ရပြီး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၂၀၁၂ခုနှစ်မှာ ပြန်လွတ်ခဲ့ရာကနေ ပုဒ်မ၁၈နဲ့ ထပ်မံထောင်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။