ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်ကို ထောင်ဒဏ် ၁၃ နှစ်ချ

ရန်ကုန်မြို့မှာနေထိုင်တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော် ကို ဒီဇင်ဘာလ ၈ ရက် မနေ့မှာ မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးက ထောင်ဒဏ် သုံးနှစ် ထပ်မံချလိုက်ပါတယ်။

ထောင် ၁၃ နှစ်ချခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ဓာတုဗေဒ တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော်ကို တွေ့ရစဥ် ဓါတ်ပုံ - ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရန်ကုန်မြို့မှာနေထိုင်တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်ကို ဒီဇင်ဘာလ ၈ ရက် မနေ့မှာ မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးက ထောင်ဒဏ် သုံးနှစ် ထပ်မံချလိုက်ပါတယ်။
 
မသဉ္ဇာဇော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ပြည်ထောင်စုရဲ့ လုပ်ငန်းအဖွဲ့ကို ဖြိုဖျက်စေဖို့ နှိုးဆော်မှု ရာဇသတ်ကြီးပုဒ်မ - ၁၂၄ - ခ (က) နဲ့ စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတာဖြစ်ပြီး မနေ့ကတော့ စစ်ပုန်ကန်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၅၀၅(က) နဲ့ ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်ခံရတာ ဖြစ်ပါတယ်။
 
ဒီအမိန့်ဟာ မတရားတဲ့အမိန့်ဖြစ်တာကြောင့် လက်မခံနိုင်ဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဒုဥက္ကဋ္ဌ မရွှေသိင်္ဂီက RFA ကို ပြောပါတယ်။
 
"အဖမ်းခံရထဲက မိသားစုနဲ့ တွေ့ခွင့်မရ ဆေးကုသခွင့်မပေးဘဲ အခု ထောင်သုံးနှစ် ထပ်ချလိုက်တာက စစ်ကောင်စီရဲ့ မတရားလုပ်ရက်ကို ပြောစရာစကားတောင် ရှာမရပါဘူး။ အဖမ်းခံထားရတဲ့ သူတွေအတွက် ကျမတို့ပိုပြီး လှုပ်ရှားဖို့ပဲ ရှိပါတယ်"
 
မသဉ္ဇာဇော် အပါအဝင် ဒဂုံတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ခြောက်ဦးဟာ စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းက ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
 
အဲဒီအထဲက ကိုစည်သူအောင်တင်ဟာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က စစ်ခုံရုံးကနေ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org