လယ်သမားတွေဖက်က တင်ပြချက် သဲကုန်းမြို့နယ် တရားရုံးပယ်ချ

ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံ ထားရတဲ့ လယ်ယာမြေတွေထဲ ဝင်ရောက် ထွန်ယက်မှုနဲ့ တရားစွဲခံထားရတဲ့ လယ်သမား ငါးဦးအမှုအတွက် ပြည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ သဲကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်တို့ကို သက်သေအဖြစ် စစ်ဆေးပေးဖို့ လယ်သမားတွေဖက်က တင်ပြတာကို သဲကုန်းမြို့နယ် တရားရုံးက ဒီနေ့ ပယ်ချခဲ့ပါတယ်။

ကျွဲနဲ့ လယ်ထွန်နေသော လယ်သမားတစ်ဦးပုံ

ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေထဲ ဝင်ရောက်ထွန်ယက်မှုနဲ့ တရားစွဲ ခံထားရတဲ့ လယ်သမား ငါးဦးအမှုအတွက် ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ သဲကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်တို့ကို သက်သေ အဖြစ် စစ်ဆေးပေးဖို့ လယ်သမားတွေဖက်က တင်ပြ တာကို သဲကုန်းမြို့နယ် တရားရုံးက ဒီနေ့ ပယ်ချခဲ့ ပါတယ်။

အဲဒီလို ပယ်ချက်လိုက်တဲ့အတွက် ပြည်ခရိုင်တရားရုံးမှာ ထပ်မံတင်ပြသွားမယ်လို့ အဲဒီအမှုကို ကူညီပေးနေတဲ့ ရှေ့နေ ဦးမြင့်အေးက ပြောပါတယ်။

"သူတို့ရဲ့ လွှတ်တော်အမတ်ကို အားကိုးတယ်ပေါ့ဗျာ၊ သူတို့ကို သက်သေပြမှသာ ဒီလယ်သမားတွေ လွတ်မြောက်ရေးက ပေါ်ပေါက်မယ်၊ ဥပဒေအရ ပြည်ခရိုင်တရားရုံး ကို ပြင်ဆင်မှုတက်ရမယ်၊ "

အဲ့ဒီလယ်သမား ငါးဦးဟာ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတာ ဖြစ်တဲ့ အတွက်ကြောင့် သက်သေနှစ်ဦးကို ပယ်ချခံတာဖြစ်တယ်လို့ ရှေ့နေ ဦးမြင့်အေးက ဆိုပါတယ်။

သဲကုန်းမြို့နယ် အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းရွာ ၅ ရွာက လယ်မြေဧက ၅၀၀၀ ကျော်ကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၈ဝ က စစ်တပ်ရန်ပုံငွေအတွက်ဆိုပြီး ၂ဝဝဝ ခုနှစ်က သိမ်းဆည်းခဲ့တဲ့အတွက် လယ်သမားတွေကသူတို့လယ်တွေပြန်ရဖို့ တောင်းဆိုရင်း အခုလို တရားစွဲဆိုခံခဲ့ကြရတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org