တစ်ရက်အတွင်း ကိုဗစ်လူနာ ၁၄၀၀ ကျော်ရှိ

မြန်မာမှာ မနေ့က ၂၄ နာရီအတွင်း ကိုဗစ်လူနာသစ် ၁၄၀၀ ကျော် တွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့တွင်းက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ လာရောက်စားသုံးသူတွေကို ၂၀၂၀၊ မေ ၂၁ ရက်နေ့က တွေ့ရစဉ်

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ပြန်ပြီး မြင့်တက်လာနေပါတယ်။ မနေ့က ၂၄ နာရီ အတွင်း ကိုဗစ် အတည်ပြုလူနာသစ် ၁၄၀၀ ကျော် တွေ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ည ၈ နာရီကနေ ၁၃ ရက် ည ၈ နာရီအတွင်း စစ်ဆေးချက်အရ အတည်ပြုလူနာ ၁၄၇၃ ဦး ရှိတယ်လို့ မနေ့ညက သတင်းထုတ်ပြန်ပါတယ်။ ကိုဗစ်ရောဂါကြောင့် သေဆုံးသူတော့ မရှိဘူးလို့ ဆိုပါတယ်။

မနေ့က ထုတ်ပြန်တဲ့စာရင်းအရ အတည်ပြုလူနာ စုစုပေါင်း ၅၄၆၀၀၀ ကျော်နဲ့ သေဆုံးသူပေါင်း ၁၉၃၁ဝ ရှိပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၂ ရက်အတွင်း ကိုဗစ် အတည်ပြုလူနာ အများဆုံးက ရန်ကုန်တိုင်းဖြစ်ပြီး ၉၄၁ ဦး ရှိပါတယ်။ ဒုတိယ အများဆုံးက ဧရာဝတီတိုင်းဖြစ်ပြီး ၂၄၇ ဦး ရှိပါတယ်။ တတိယ အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး ၁ဝ၇ ဦး ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်တွေနဲ့ ကိန်းဂဏန်းတွေဟာ လက်တွေ့နဲ့ ကွဲလွဲနေတယ်ဆိုပြီး မြန်မာ ပြည်သူတွေအကြား သံသယတွေ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org