တောင်တွင်းကြီးမြို့ ရဲတပ်ဖွဲ့အပါအဝင် လူ ၁၇ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ

ဇူလိုင် ၆ ရက်နေ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် တွေနဲ့ သူတို့ရဲ့မိသားစုတွေအပါအဝင် စုစုပေါင်း လူ ၁၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တောင်တွင်းကြီးမြို့က ရဲအချုပ်ကားတစ်စီးကို ပိုးသတ်ဆေးဖျန်းနေစဥ်
ဇူလိုင် ၆ ရက်နေ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုတွေ အပါအဝင် စုစုပေါင်း လူ ၁၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
ရောဂါပိုးတွေ့ရှိသူတွေကတော့ တောင်တွင်းကြီးမြို့က ယာဉ်ထိန်းရဲ တစ်ဦး၊ ဒုရဲအုပ်နဲ့အခြားအဆင့် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၂ ဦးအပြင် သူတို့နဲ့ထိစပ်နေတဲ့ မိသားစုဝင်အမျိုးသမီး လေးဦး စုစုပေါင်း ၁၇ ဦး ဖြစ်တယ်လို့ အဲဒီမြို့နယ် ကျန်းမာရေးအရာရှိက ပြောပါတယ်။
 
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာ ဇွန်လ ၂၂ ရက်ကနေ ဇူလိုင် ၆ ရက် မနေ့ကအထိ ကိုရိုနာကပ်ရောဂါ အတည်ပြုလူနာ ၉၃ ဦး ရှိနေပြီလို့ မြို့နယ်ကျန်းမာရေးအရာရှိတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org