၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၂ ယောက်ထပ်တိုး

ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၆၂၅ ယောက် ရှိပါတယ်။ ဒီကနေ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရောဂါပြန်လည်သက်သာလို့ ဆေးရုံကဆင်းခွင့်ရတဲ့သူ တစ်ယောက်မှ မရှိသလို သေဆုံးသူလည်း ထပ်တိုးတာ မရှိပါဘူး။

COVID-19 ရောဂါပိုးရှိ/မရှိ အတည်ပြုစမ်းသပ်ပေးနိုင်တဲ့ COBAS 6800 စက်ကို တွေ့ရစဉ် Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ၁၅၇ ယောက် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီမှာ ထုတ်ပြန်ကြေညာပါတယ်။

လူနာသစ် ၁၁၅ ယောက် တွေ့ရှိကြောင်း ဒီမနက်ပိုင်းမှာ ထုတ်ပြန်ထားတာကြောင့် ဒီနေ့တစ်ရက်လုံးမှာ တွေ့ရှိတဲ့လူနာစုစုပေါင်း ၂၇၂ ယောက် ရှိပါတယ်။

မနေ့က ၂၄ နာရီအတွင်း တွေ့ရှိတဲ့ လူနာဦးရေထက် ၁၀ ယောက် ပိုတွေ့တာလည်းဖြစ်ပါတယ်။

အခုအချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၄ ယောက် ရှိသွားပြီဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၂၄၂၂ ယောက်ရှိသွားပါပြီ။

ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၆၂၅ ယောက် ရှိပါတယ်။ ဒီကနေ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရောဂါပြန်လည်သက်သာလို့ ဆေးရုံက ဆင်းခွင့်ရတဲ့သူ တစ်ယောက်မှ မရှိသလို သေဆုံးသူလည်း ထပ်တိုးတာ မရှိပါဘူး။




2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org