တစ်ရက်တည်း ကိုဗစ်လူနာသစ် ၃ဝဝဝ ကျော် တွေ့ရှိ

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူ နေ့စဉ် တိုးလာနေရာမှာ ဒီနေ့ တွေ့ရှိမှုဟာ အမြင့်ဆုံးဖြစ်ပါတယ်။

လားရှိုးမြို့မှာ ၂၀၂၁ ဇူလိုင် ၂၁ ရက်က ကိုဗစ်ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်သူတွေကို နှာခေါင်းအာခေါင်တို့ပတ် ယူနေစဉ် Photo - RFA

ဖေဖော်ဝါရီ ၁၈ ရက် ဒီနေ့ တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် လူနာသစ် ၃ဝ၅၈ ဦး ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူ နေ့စဉ် တိုးလာနေရာမှာ ဒီနေ့ တွေ့ရှိမှုဟာ အမြင့်ဆုံးဖြစ်ပါတယ်။

ကိုဗစ်ကြောင့် သေဆုံးသူ ဒီနေ့ တစ်နေ့တည်းမှာ သုံးဦးရှိပြီး ဒီနေ့အထိဆိုရင် သေဆုံးသူ ၁၉၃၂၂ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂ဝ၂ဝ ခုနှစ် မတ်လကစလို့ ဒီနေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူ ၅၅၉၃၁၄ ရှိပါတယ်။ 

အခုဆိုရင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးက ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံထားရလို့ ပြင်ပလူနာဌာန ၆ခု ကို ယာယီပိတ်ထားရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာတွေ တနေ့တခြား သိသိသာသာ တိုးလာနေတာကြောင့် ကိုဗစ်စတုတ္ထလှိုင်းစတင်နေပြီလို့ ကျန်းမာရေးဝန်ထမ်းတချို့က သုံးသပ်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org