စစ်တွေမှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလှုပ်ရှားမှုတွေ စတင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာနေလို့ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြီး နှာခေါင်းစည်းတပ်ဖို့၊ လက်ကို မကြာခဏဆေးဖို့၊ လူစုလူဝေး ရှောင်ရှားဖို့ စသဖြင့် လူထုအတွင်း ကြိုတင်ကာကွယ်ရေးအတွက် တိုက်တွန်းနှိုးဆော်မှုတွေကို ဒီနေ့ကစလို့ လုပ်ဆောင်နေပါတယ်။

စစ်တွေမြို့မှာ နှာခေါင်းစည်းတပ်ရေးလှုပ်ရှားမှုကို ၂၀၂၁၊ ဇူလိုင် ၅ ရက်၊ ဒီနေ့မနက်က ပြုလုပ်ခဲ့စဉ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာနေလို့ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြီး နှာခေါင်းစည်းတပ်ဖို့၊ လက်ကို မကြာခဏဆေးဖို့၊ လူစုလူဝေးရှောင်ရှားဖို့ စသဖြင့် လူထုအတွင်း ကြိုတင်ကာကွယ်ရေးအတွက် တိုက်တွန်းနှိုးဆော်မှုတွေကို ဒီနေ့ကစလို့ လုပ်ဆောင်နေပါတယ်။

ဒီနေ့မနက်က လူစည်ကားတဲ့ စစ်တွေ မြို့မဈေး အဝင်ဝမှာ ပညာပေး ပိုစတာတွေ ကပ်ပြီး နှာခေါင်းစည်းတွေ ကို အခမဲ့ လိုက်လံဝေငှခဲ့သလို မြို့အနှံ့ လော်စပီကာတွေနဲ့ လှည့်လည်ကြေညာတွေလည်း လုပ်ဆောင်ခဲ့ကြ ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ ဇူလိုင်လ ၄ ရက်နေ့က တစ်နိုင်ငံလုံးမှာ ကိုဗစ် အတည်ပြုလူနာ ၁၆၅၄၀၅ ဦးရှိနေပြီး သေဆုံးသူကတော့ ၃၄၁၉ ဦးရှိပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ဇူလိုင်လ ၂ ရက်နေ့အထိစာရင်းတွေအရ ကိုဗစ် တတိယလှိုင်းအတွင်း ပိုးတွေ့လူနာ ၃၇၀ ကျော်နဲ့ သေဆုံးသူ နှစ်ဦး ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org