စေတနာ့ဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ရေး ဝိုင်းကူဖို့ စစ်ကောင်စီ အကူညီတောင်း

ကိုဗစ်တတိယလှိုင်းကာလအတွင်း ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ တနေ့တခြား ဆိုးဝါးလာနေတဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေ မလုံမလောက်ဖြစ်နေလို့ စေတနာ့ဝန်ထမ်းကူညီမှုတွေ ပေးကြဖို့ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့ညကပဲ ကြေညာချက်ထုတ်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇူလိုင်လ ၁၃ ရက်နေ့က ကိုဗစ်ပိုးကူးစက်ခံနေရသူများကို ကူညီနေကြသော စေတနာ့ဝန်ထမ်းများ။ Photo: Reuters

ကိုဗစ်တတိယလှိုင်းကာလအတွင်း ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ တနေ့တခြားဆိုးဝါးလာနေတဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေ မလုံမလောက်ဖြစ်နေလို့ စေတနာ့ဝန်ထမ်းကူညီမှုတွေ ပေးကြဖို့ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့ညကပဲ ကြေညာချက်ထုတ်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။

လုပ်ငန်းခွင် ပျက်ကွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရှိနေလို့ လူအင်အား မပြည့်မစုံဖြစ်နေရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်လို့ ထောင်နဲ့ချီတဲ့ ကျန်းမာရေးလောကသားတွေက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို ဖေဖော်ဝါရီလကစလို့ စစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဘဲ ဆန့်ကျင်နေကြပါတယ်။

စေတနာ့ဝန်ထမ်းဆောင်ရွက်ပေးနေတဲ့ အရပ်ဘက်ကျန်းမာရေးအဖွဲ့အစည်းတွေဟာလည်း ဖမ်းဆီးခြိမ်းခြောက်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ ခံနေရလို့ ကူညီမှုတွေ အရင်ကလို များများစားစား မရှိနိုင်ဘဲ ဖြစ်နေပါတယ်။

ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျန်းမာရေး စောင့်ရှောက်ကူညီပေးနေတဲ့သူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတယ်ဆိုရင်လည်း ဒီလူတွေကို စစ်ကောင်စီက ဖွင့်ထားတဲ့ ကိုဗစ်ကုသရေးဌာနတွေမှာ အကူအညီပေးအောင် ပြည်သူတွေက တိုက်တွန်းပေးကြဖို့ကိုလည်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org