၂၀၁၃ ခုနှစ်မှာ အကြွေးကတ်စနစ် စတင် သုံးစွဲနိုင်မယ်လို့ မျှော်လင့်

လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကတ်တွ စတင် သုံးစွဲနိုင်တော့မယ်လို့ မျှော်လင့်ရကြောင်း အေပီ သတင်းက ဖော်ပြပါတယ်။

ဒီကိစ္စအတွက် Visa အကြွေးကတ် ကုမ္ပဏီနဲ့ ဆွေးနွေး ညှိနှိုင်းနေပြီ ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောဆိုပါတယ်။

အမည်မဖော်လိုသူ ဘဏ်ဝန်ထမ်း နောက်တစ်ဦးကတော့ Visa ကုမ္ပဏီနဲ့ သာမက Master Card/ China Union Pay နဲ့ Japan Credit Bureau တို့နဲ့လည်း ဆွေးနွေးနေကြောင်း၊၂၀၁၃ ခုနှစ်မှာ အကြွေးကတ် စနစ် စတင် သုံးစွဲနိုင်တော့မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုနဲ့ အီးယူ ဥရောပသမဂ္ဂတို့က ၂၀၀၃ ခုနှစ်က စပြီး ငွေကြေးဆိုင်ရာ အလွှဲအပြောင်းတွေ ပိတ်ဆို့ တားဆီး ထားခဲ့တာကြောင့် မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ အကြွေးကတ်တွေ မသုံးစွဲနိုင်ဘဲ ငွေစက္ကူတွေကိုသာ သယ်ဆောင် သုံးစွဲနေရပါတယ်။

မကြာခင်ကတော့ မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုတွေ ပေါ်ပေါက်လာတဲ့အတွက် ပိတ်ဆို့မှု အများစုကို ယာယီ လျှော့ပေါ့ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org