ယူနတီဂျာနယ် အပြစ်ပေးမှု၊ မြန်မာကို အမေရိကန် ဝေဖန်

ယူနတီဂျာနယ်က သတင်းသမား ၅ ဦး ကို မြန်မာအစိုးရက ထောင်ဒဏ် ၁ဝ နှစ် စီချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရ က သောကြာနေ့ မနေ့က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

အတွဲ ၃၊ အမှတ် ၄ ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက်ဓါတုလက်နက်စက်ရုံပါသော မျက်နှာဖုံးပုံ photo: Facebook

ယူနတီဂျာနယ်က သတင်းသမား ၅ ဦးကို မြန်မာအစိုးရ က ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက သောကြာနေ့ မနေ့က ပြစ်တင်ဝေ ဖန်လိုက်ပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အံသြဖွယ် ပြောင်းလဲတိုးတက်မှု အများအပြားဆောင် ရွက်ခဲ့ပေမယ့် သတင်းသမားတွေကို အခုလို ကြီးလေး တဲ့ပြစ်ဒဏ်တွေ ပေးလိုက်တဲ့အတွက် မြန်မာအစိုးရရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားပြောဆိုမှုဆိုင်ရာ ကတိ စကားတွေအပေါ် အထင်အမြင်လွဲမှားမှုဖြစ်စေတယ် လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Psaki က ထုတ်ပြန်ပြောဆိုပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီကို အကောင်အထည်ဖေါ်ရာမှာ စာနယ်ဇင်းသမားတွေရဲ့လွတ်လပ်ခွင့်ကို တန်ဖိုးထားဖို့ အရေးကြီးကြောင်းနဲ့ ပြုပြင်ရေးလမ်းကြောင်းပေါ်မှာ အခိုင်အမာ ဆက်လက်လျှောက်လှမ်းဖို့ တိုက်တွန်းကြောင်းစသဖြင့် အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိကပြောကြားလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org