မြန်မာ့စီးပွားရေးကို ခရိုနီများက ဆက်လက် ချုပ်ကိုင်ဦးမည်

လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါ အနိုင်ရရ စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဟိုတယ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း ဒါမှမဟုတ် သတ္တုတွင်းလုပ်ငန်းတွေကို စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်ကြီးတွေကပဲ ဆက်လက် ချုပ်ကိုင်ထားမယ်လို့ AFP သတင်းတစ်ရပ်က မနေ့က ဖော်ပြ လိုက်ပါတယ်။

လာမယ့်  ရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါ အနိုင်ရရ စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဟိုတယ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း ဒါမှမဟုတ် သတ္တုတွင်း လုပ်ငန်းတွေကို စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်ကြီးတွေကပဲ ဆက်လက် ချုပ်ကိုင်ထားမယ်လို့ AFP သတင်း တစ်ရပ်က မနေ့က ဖော်ပြလိုက်ပါတယ်။

မြန်မာ့စီးပွားရေးဟာ ကမ္ဘာမှာ စတုတ္ထမြောက် အမြန် တိုးတက်လာတယ်လို့ ကမ္ဘာ့ဘဏ် အဖွဲ့က ပြောနေပေမဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ ကျေနပ်လက်ခံနိုင် တဲ့ အနေအထားမှာ မရှိဘူးလို့လည်း ဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ မြန်မာစီးပွားရေးသုတေသီ ဦးစိန်ဌေးကတော့ စည်းမျဉ်းစည်းကမ်း လိုအပ်ချက်လို့  ပြောပါတယ်။

"ဒီတိုင်းပဲ ဒီစနစ်နဲ့သွားရင်တော့ သူတို့ကအသာရနေမှာပဲ၊ တကယ်လို့ အဲ့လိုမဟုတ်ဘူး၊ တကယ့်ဒီမိုကရေစီတွေမှာ ကျင့်သုံးတဲ့ဈေးကွက်စီးပွားရေးစနစ်နဲ့ သွားရင်တော့ ကျနော်တို့မှာ စည်းမျဉ်း၊ စည်းကမ်းတွေရှိတယ်၊ ဒီတိုင်းသွားရမယ်၊ သူတို့ကို နှိပ်ကွပ်ပြီး မတရားမလုပ်ဖို့မဟုတ်ဘူး၊ စည်းမျဉ်းစည်းကမ်းဘောင်ထဲ ကသွားရင်တော့ တစ်ဘက်က တိုင်းပြည်အကျိုးရှိမယ်၊ တစ်ဘက်ကလည်းသူတို့က စည်းနဲ့ကမ်းနဲ့ သွားတဲ့ဟာမျိုးကိုမြင်တယ်"

ဒါပေမဲ့ ခရိုနီတွေကို အစိုးရက အထူးအခွင့်အရေးပေးထားတယ်လို့ AFP က ဖော်ပြပါတယ်။ သူတို့ဟာ လုပ်ငန်းကြီးတွေကို ချုပ်ကိုင်ထားနိုင်တဲ့အပြင် စီးပွားရေးယှဉ်ပြိုင်မှုတွေမှာ အစိုးရက အကာအကွယ်ပေးထားတာမို့ အသာစီးရမြဲရနေတယ်လို့ မြန်မာ့စီးပွားရေးဆိုင်ရာ ပညာရှင် Sean Turnell ကပြောပါတယ်။

အာဏာသိမ်းဖို့ကြံရွယ်မှုနဲ့ အကျဉ်းကျခံရပြီး ပြန်လွှတ်လာတဲ့အခါ ဦးနေဝင်းရဲ့ မြေး ဦးအေးနေဝင်းဟာ ဆောက်လုပ်ရေး၊ ဟိုတယ်နဲ့ ဘဏ်လုပ်ငန်းတွေ လုပ်ကိုင်နေပြီး တော့ ၊ ဘိန်းဘုရင်လော်စစ်ဟန်ရဲ့သား Steven Law ဟာ Asia World ကုမ္ပဏီ ထူထောင်ထားပြီး ခရီးသွားလုပ်ငန်း၊ သင်္ဘောလုပ်ငန်း နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အပြင် ရန်ကုန်နိုင်ငံတကာ လေဆိပ်အဆင့်မြှင့်ရေး စီမံကိန်းအတွက် အစိုးရဆီက ကန်ထရိုက်ရထားတယ်လို့ ဖေါ်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲရှိမယ့် အရိပ်လက္ခဏာ ပြလာတာနဲ့ နိုဝင်ဘာ ၈ ရက် ကျင်းပမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် အနိုင်ရ မယ့် အလားအလာရှိတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တချို့ လုပ်ငန်းရှင်ကြီးတွေ က ချဉ်းကပ်လာတာရှိတယ်လို့ ပြောပါတယ်။

Max Myanmar ဦးဇော်ဇော်၊ ထူးကုမ္ပဏီ ဦးတေဇ၊ Skynet မီဒီယာ ဦးကျော်ဝင်းတို့ဟာ NLD ကို ငွေကြေး အများအပြား လှူဒါန်းထားတာတွေရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံ စီးပွားရေး အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုမှာ လောလောဆယ်နေထိုင်နေတဲ့ စီးပွားရေး သုတေသီ ဦးစိန်ဌေးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org