၁၂ နှစ်တာ သက်တမ်းအတွင်း CRPP ၏ လုပ်ဆောင်ချက်များ
CRPP လို့ ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်က စတင်ဖွဲ့စည်းလာခဲ့တာ အဆိုရင် ၁၂ နှစ်တာကာလ ရှိခဲ့ပါပြီ။
-
2010-09-17 -
-
-
Your browser doesn’t support HTML5 audio
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို စစ်အစိုးရက ပြည်သူ့လွှတ်တော် ခေါ်ယူပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် မိမိတို့ဖာသာ လွှတ်တော်ခေါ်ယူဖို့ NLD ပါတီက ကြိုစားခဲ့ပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို စစ်အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။
အဲဒီနောက်ပိုင်း ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်လာရေး ဆောင်ရွက်ဖို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၅၁ ဦးက လက်မှတ်ရေးထိုးပြီး CRPP လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို လုပ်ပိုင်ခွင့် ပေးခဲ့ပါတယ်၊
ဒီ ၁၂ နှစ်တာ ကာလအတွင်း CRPP အဖွဲ့အနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ ဘာတွေ ဆက်လက် ကြိုးပမ်းသွားဖို့ ရှိတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး CRPP အတွင်းရေးမှူး ဦးအေးသာအောင်ကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန် |