ကလေးစစ်သား ရပ်ဆိုင်းဖို့ အစိုးရနဲ့ KIA ကို CSI တိုက်တွန်း

မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့ အစည်းအားလုံး ကလေးစစ်သား စုဆောင်း သုံးစွဲနေတာတွေ အမြန်ဆုံးရပ်ဆိုင်းကြဖို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နိုင်ငံတကာ ကလေးစစ်သား များဆိုင်ရာအဖွဲ့ Child Soldiers International က မနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

ကလေးစစ်သားများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်း အခမ်းအနားတစ်ခုကို တွေ့ရစဉ်

မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ကလေးစစ်သား စုဆောင်းသုံးစွဲနေတာတွေ အမြန်ဆုံးရပ်ဆိုင်းကြဖို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နိုင်ငံတကာ ကလေးစစ်သားများဆိုင်ရာအဖွဲ့ Child Soldiers International က မနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံက အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA အဖွဲ့တွေအနေနဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်သားအဖြစ်ခေါ်ယူစုဆောင်း အသုံးပြုနေတာတွေ ချက်ခြင်းရပ်တန့်ပြီး၊ တပ်ထဲကနေ အမြန်ဆုံးပြန်လွှတ်ဖို့ တိုက်တွန်းထားတာပါ။

အခုလတ်တလော အစိုးရနဲ့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ် နှေးကွေးနေ တာနဲ့အတူ၊ အစိုးရစစ်တပ်မှာ စစ်သားစုဆောင်းဖို့ ဖိအားပိုကြီးလာပြီး၊ စစ်သားစုပေးနိုင်သူတွေအတွက် မက်လုံးတွေပေးတဲ့စနစ်ကလည်း ပိုကြီးလာနေတာတွေ့ရကြောင်း၊ ဒါဟာကလေးတွေအတွက် အထူးအန္တရာယ် ကြီးကြောင်း၊ အလားတူ ကချင်ပြည်နယ်မှာလည်း လူမျိုးရေးအရ တာဝန်ယူလိုမှု၊ လက်တုန့်ပြန်လိုမှု၊ တရားမျှတလိုမှု စတဲ့ ခံစားချက်တွေအပြင်၊ သက်မွေးဝမ်းကျောင်းအလုပ်အကိုင် ရှားပါးနေတာတွေဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေ စစ်သားဖြစ်ဖို့ အဓိကတွန်းပို့နေတဲ့ မောင်းနှင်အားတွေဖြစ်နေကြောင်း၊ တချို့ဖြစ်ရပ်တွေမှာ မလိမ်မာတဲ့ကလေးတွေကို မိဘတွေကိုယ်တိုင်က လက်နက်ကိုင်အဖွဲ့ထဲ ထည့်လိုက်တာတွေတွေ့ရကြောင်း Soldiers International က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org