အသင်းဖွဲ့များဆိုင်ရာ ဥပဒေကြမ်း အရပ်ဖက် အဖွဲ့စည်းတွေ စုပေါင်းဆွေးနွေး
ပြည်သူ့လွှတ်တော်က လက်ခံ ဆွေးနွေးဖို့ အတည်ပြုထားတဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီနေ့ ပြည်တွင်း အခြေစိုက် အရပ်ဖက် အဖွဲ့အဖွဲ့အစည်းတွေ စုပေါင်းပြီး အမြင်သဘောထားတွေ ဆွေးနွေးခဲ့ကြပါတယ်။
-
2013-08-13 -
-
-
ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုထားတဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီနေ့ ပြည်တွင်းအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး အမြင် သဘောထားတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာ အရပ်ဖက်အဖွဲ့အစည်း ၁ဝဝ ကျော်တို့က အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်သင့်သလား၊ အသစ်ရေးဆွဲသင့်သလား၊ အဲဒီဥပဒေ မရှိသင့်ဘူးလားဆိုတဲ့ ခေါင်းစဉ်သုံးခု ခွဲပြီး ဆွေးနွေးခဲ့ကြပါတယ်။
လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက တင်သွင်းထားတဲ့ အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေကြမ်းဟာ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေကို ကန့်သတ် ချုပ်ချယ်မှုတွေ ပါဝင်နေတဲ့ အတွက်ကြောင့် အခုလို ဆွေးနွေးပွဲ ကျင်းပရတာဖြစ်တယ်လို့ ပြည်တွင်း လူမှုရေး အဖွဲ့များကွန်ရက် ဥက္ကဌ ဒေါ်နွယ်ဇင်ဝင်းက RFA ကိုပြောပါတယ်။
အလားတူ အထက်မြန်မာပြည် အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေကလည်း မန္တလေးမြို့ ဗြဟ္မစိုရ် ပရဟိတ အသင်းရုံးခန်းမှာလည်း အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီနေ့ ဆွေးနွေးပွဲတွေက ထွက်ပေါ်လာမယ့် အကြံပြုချက်တွေကို လာမယ့် ြသဂုတ်လ ၁၅ ရက်နေ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ေနပြည်တော်မှာ တွေဆုံပြီး တင်ပြသွားမယ်လို့ သိရပါတယ်။