ကျောင်းသားသပိတ် ထောက်ခံမှု လက်မှတ်များ လိုက်လံစုဆောင်း
ရန်ကုန်မြို့ကို ဆန္ဒပြချီတက်လာတဲ့ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေကို ထောက်ခံကြောင်း လက်မှတ်တွေကို မန္တလေး ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်စတဲ့ တိုင်းဒေသကြီးတချို့မှာ ကျောင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကောက်ခံနေကြပါတယ်။
-
2015-02-09 -
-
-
ရန်ကုန်မြို့ကို ဆန္ဒပြချီတက်လာတဲ့ အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ကျောင်းသားတွေကို ထောက် ခံကြောင်း လက်မှတ်တွေကို မန္တလေး ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်စတဲ့ တိုင်းဒေသကြီးတချို့မှာ ကျောင်းသား အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ က ကောက်ခံနေကြပါတယ်။
အဖြူရောင်တွဲလက်များ၊ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ Generation Wave၊ ရန်ကုန်လူငယ် ကွန်ရက် စတဲ့ လူမှုအဖွဲ့အစည်း ၈ ဖွဲ့က လက်မှတ်တွေကောက်ခံနေကြတာပါ။ လောလောဆယ် မန္တလေးမြို့မှာ ကောက်ယူရရှိထားတဲ့ လက်မှတ် တစ်သောင်းနီးပါးကို ဒီလ ၁၂ ရက်နေ့မှာ ပင်မသပိတ် လမ်းကြောင်းက ကျောင်းသားကျောင်းသူတွေဆီ ပေးပို့မယ်လို့ လက်မှတ်ကောက်ခံရာမှာ ပါဝင်တဲ့ မန္တလေးမြို့ခံ ဦးအေးသိန်းက ပြောပါတယ်။
"ကျနော်တို့က ၁၂ ရက်နေ့လောက်မှာ ကျောင်းသားတွေဆီကို တခါသွားပို့မယ်၊ ပင်မလှုပ်ရှားတဲ့ ကျောင်း သားတွေပေ့ါလေ၊ ဒါကကျနော်တို့က ဘယ်ကျောင်းသားကိုမှ မခွဲခြားပါဘူး၊ အားလုံးကအတူတူပါပဲ၊ အားလုံးကို ကျနော်တို့က ထောက်ခံအားပေးတာပါ၊ ကျနော်တို့က သပိတ်တိုက်ပွဲကြီး မပြီးမချင်း ပြည်သူလူထုက ထောက် ခံနေတယ်ဆိုတာကို အစိုးရရော နိုင်ငံတကာရောသိအောင် ကျနော်တို့က ဆက်တိုက်လိုက်ကောက်နေမှာပါပဲ"
အဲဒီ့အဖွဲ့ဝင်တွေနဲ့ အကြမ်းမဖက် တရားမျှတမှုပေါ်ပေါက်ရေး လှုပ်ရှားမှုကော်မတီကို ဖွဲ့စည်းထားပြီး ကောက်ခံရရှိတဲ့ လက်မှတ်တွေကို အဲဒီကော်မတီက နိုင်ငံတော်သမ္မတထံ ပေးပို့မှာဖြစ်ပါတယ်။