ဒလမြို့နယ်မှာ တောင်သူတွေ ဖယ်ရှားပေးဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်

ရန်ကုန်တိုင်း ဒလမြို့နယ်မှာ သီးစားခပေးပြီး လုပ်ကိုင်နေတဲ့ တောင်သူ လယ်သမားတွေကို ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လယ်မြေတွေက ထွက်ခွာပေးဖို့အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း လယ်သမားတွေက ဒီနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရန်ကုန်တိုင်း ဒလမြို့နယ်မှာ သီးစားခပေးပြီး လုပ်ကိုင်နေတဲ့ တောင်သူလယ်သမားတွေကို ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လယ်မြေတွေက ထွက်ခွာပေးဖို့အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း လယ်သမားတွေက ဒီနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရန်ကုန်တိုင်း ဒလမြို့နယ် တုံးတင်ကန်မြောက်နဲ့ ခနောင်ရွာမအုပ်စု ကျေးရွာတိုက်က လယ်ဧက ၅ဝဝ နီးပါးလောက်ကို ဧရာတီရေတပ်စခန်းဌာနချုပ်က ၁၉၉ ခုနှစ်မှာ သိမ်းယူခဲ့ပြီး နောက်ပိုင်း လယ်တစ်ဧကကို စပါး ၁၁ တင်းနှုန်းနဲ့ သီးစားခပြန်ချပေးခဲ့တာလို့ သိရပါတယ်။

အခုလ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံးက ပုဒ်မ ၁၄၄ အမိန့်ကို ထုတ်ပြန်ခဲ့တာလို့ ခနောင်ရွာမကျေးရွာက လယ်သမား ဦးမြသိန်းက RFA ကို အခုလိုပြောပါတယ်။

ဒီနယ်မြေဟာ အေးချမ်းတဲ့နယ်မြေဖြစ်တဲ့အတွက် ပုဒ်မ ၁၄၄ မထုတ်သင့်ပါဘူးလို့ ကျနော်တို့က ရန်ကုန်တိုင်းအစိုးရကို ပြောချင်ပါတယ်၊ နောက်တစ်ချက်က ဒီလယ်သမားတွေဟာ ဒီမိုးတွင်းမှာ မြေနေစရာမရှိဘဲနဲ့ ပြောင်းရွှေ့ဖို့လည်း အခက်အခဲတွေ အများကြီးရှိတဲ့အတွက် တကယ်လို့ ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုရင်တော့ ပွင့်လင်းရာသီကျမှပဲ လုပ်ပေးဖို့ဆန္ဒရှိပါတယ်”

ပြီးခဲ့တဲ့နှစ်ထဲမှာ အဲဒီသီးစားခပေးပြီး လုပ်ကိုင်နေတဲ့ လယ်သမားတွေက သိမ်းယူထားတဲ့အတိုင်း အကောင်အထည်မဖေါ်တဲ့ လယ်မြေတွေပြန်ပေးဖို့ ဒါမှမဟုတ် လျော်ကြေးပေးဖို့ အစိုးရထံ စာတင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ရန်ကုန်တိုင်း လယ်ယာမြေ စုံစမ်းရေးကော်မရှင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၊ ဦးခိုင်မောင်ရည်တို့အဖွဲ့ဟာ အဲဒီရွာတွေကို သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး လယ်သမားတွေကိုကူညီဖို့ ကတိပေးခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org