စစ်တွေနဲ့ ပေါက်တောမှာ ညမထွက်ရအမိန့် ရုပ်သိမ်း

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ပေါက်တောမြို့နယ်မှာ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ ထုတ်ထားတဲ့အမိန့်ကို ရုပ်သိမ်းလိုက်ပြီလို့ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ဒီနေ့ RFA ကိုပြောပါတယ်။

စစ်တွေမြို့မှာ ညဘက် ကင်းလှည့်နေတဲ့ ရဲတွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ပေါက်တောမြို့နယ်မှာ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ ထုတ်ထားတဲ့အမိန့်ကို ရုပ်သိမ်းလိုက်ပြီလို့ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ဒီနေ့ RFA ကိုပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အချိန်မီထိန်းသိမ်းနိုင်ဖို့ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုလက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိတော့တဲ့အတွက် ပြန်ရုပ်သိမ်းရတာဖြစ်တယ်လို့ ပြောပါတယ်။

ညမထွက်ရအမိန့်ကို ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျန်တဲ့မြို့နယ် ၁၅ မြို့တွေမှာတော့ အခုလို ညမထွက်ရအမိန့်ကို ရုပ်သိမ်းကြောင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org