မဟာစင်နဲ့ ပတ်သက်ပြီး ကုလနဲ့ NGO တွေ သတင်းစာရှင်းလင်း

မဟာစင်မုန်တိုင်း ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းက အစိုးရမဟုတ် တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီကနေ့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ ပါတယ်။

မဟာစင်မုန်တိုင်း ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေပူးပေါင်းပြီး ဒီကနေ့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကလည်း မုန်တိုင်းသင့်ဒေသက ပြည်သူ ၂ သိန်းခွဲအတွက် တစ်လစာ ဆန်တန်ချိန် ၄၀၀၀ ကျော်ကို အဆင်သင့်စီစဉ်ထားပြီး ဆေးဝါးတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအပြင် တခြားအဖွဲ့အစည်းတွေကလည်း တတ်နိုင်သလောက်ဖြည့်ဆည်းနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲကို ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အသိုင်းအဝန်း၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ပြည်တွင်းအန်ဂျီအိုတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org