အလုပ်သမား ပြဿနာ ကူညီ ဖြေရှင်းပေးဖို့ ဂျပန်သံရုံးထံ စာပို့

အလုပ်သမား ၄၀၀ လောက် ထိုင်သပိတ်နဲ့ ဆန္ဒပြနေတဲ့ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင် အလုပ်သမားကြား ပြဿနာကို ဝင်ရောက်ဖြေရှင်းပေးဖို့ ဂျပန်သံရုံးထံ ဒီကနေ့ စာပေးပို့တောင်းဆိုလိုက်ပါတယ်။

ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဆန္ဒပြနေတာကို ဒီဇင်ဘာလ ၅ ရက်နေ့ကတွေ့ရစဉ် Photo: Aung Thain Kha/RFA

အလုပ်သမား ၄၀၀ လောက် ထိုင်သပိတ်နဲ့ ဆန္ဒပြနေတဲ့ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင် အလုပ်သမားကြား ပြဿနာကို ဝင်ရောက်ဖြေရှင်းပေးဖို့ ဂျပန်သံရုံးထံ ဒီကနေ့ စာပေးပို့တောင်းဆို လိုက်ပါတယ်။

ဂျပန်ကုမ္ပဏီတစ်ခုက အပ်နှံတဲ့အထည်တွေကို ချုပ်ပေးနေရတာဖြစ်တဲ့အတွက် စက်ရုံမှာဖြစ်နေတဲ့ပြဿနာ ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအနေနဲ့ ဝင်ရောက်ဖြေရှင်းပေးဖို့ ဒီနေ့ စာပေးပို့ခဲ့တာဖြစ်တယ်လို့ ဒဂုံဆိပ်ကမ်း အထည်ချုပ်အလုပ်သမားသမဂ္ဂ ဥက္ကဌ ဒေါ်ဝေေ၀အောင် က ပြောပါတယ်။

"အလုပ်သမားတွေမရတဲ့ အခွင့်အရေးတွေပေါ့၊ အဲဒါကို ဒီအလုပ်ရှင်ကမပေးလို့ ဒီအခု ကျမတို့ချုပ်နေတဲ့ လုပ်ငန်းက ဂျပန်နိုင်ငံမှာအခြေစိုက်တဲ့ Makku စက်ရုံရဲ့အော်ဒါကိုချုပ်နေတဲ့ လုပ်ငန်းရှင်စက်ရုံဖြစ်နေတဲ့ အတွက် ဂျပန်နိုင်ငံမှာဆိုရင် အလုပ်သမားအခွင့်အရေးတွေ အများကြီးရတယ်၊ အဲ့လိုအခွင့်အရေးရ တဲ့နိုင်ငံကြီးကနေ ချပေးလိုက်တဲ့အထည်တွေဟာ မြန်မာနိုင်ငံမှာ အဲဒီလိုအခွင့်အရေးတွေမရဘဲနဲ့ ကလေးတွေကို တအားဖိနှိပ် ခိုင်းစေနေတဲ့လုပ်ငန်းရှင်ကို အော်ဒါတွေချပေးနေတာလားဆိုတာကို အဲဒါကြောင့်မို့ ကျမတို့အနေနဲ့ ဂျပန်သံရုံးကို အကူအညီတောင်းတာပေါ့"

အဲဒီစက်ရုံမှာ အလုပ်ရှင်၊ အလုပ်သမားအကြား လုပ်ငန်းခွင်မပြေလည်မှုတွေဖြစ်ပေါ်နေလို့ဆိုပြီး  ပြီးခဲ့တဲ့ နိုဝင် ဘာလ ၂၈ ရက်နေ့ကစတင်ကာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

အလုပ်သမားတွေဘက်က တောင်းဆိုချက် ၉ ချက်ကို တောင်းဆိုထားတာဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့က ဆန္ဒပြအလုပ်သမားတွေနဲ့ စက်ရုံကြား ပြေလည်မှုရရှိဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့ပေမယ့် တောင်း ဆို ချက် ၉ ချက်မှာ ၇ ချက် ကိုအလျော့အတင်းနဲ့ ညှိနှိုင်းလို့ရခဲ့ကာ အချက် ၂ ချက်ကတော့ လုံးဝညှိနှိုင်းလို့ မရတဲ့ အနေအထားကို ရောက်ရှိနေတာဖြစ်ပါတယ်။

ပြေလည်မှုမရသေးတဲ့ အချက်နှစ်ချက်က အလုပ်သမားတွေဘက်က လုပ်သက်နှစ်ကြေးကို တစ်နှစ်ကို ကျပ် နှစ်သောင်းပေးဖို့ တောင်းဆိုတာဖြစ်ပြီး စက်ရုံဘက်က ကျပ် ၅ထောင်သာပေးနိုင်ကြောင်း၊ မိနစ် ၄၀ မှာ အထည် ၄၀ ပေးဖို့ စက်ရုံက သတ်မှတ်ထားတာကို အလုပ်သမားတွေဘက်က မိနစ် ၆၀ တစ်နာရီမှာ အထည် ၄၀ ပေးဖို့ တောင်းဆိုထားတာဖြစ်ပြီး အဲဒီအချက်နှစ်ချက် ညှိနှိုင်းမရတာဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေက ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံအနေနဲ့ ဂျပန်နိုင်ငံ Makku Co.Ltd က အပ်နှံတဲ့အထည်တွေကို ချုပ်နေတာဖြစ်တဲ့အတွက် စက်ရုံမှာဖြစ်ပွားနေတဲ့ အလုပ်သမားပြဿနာတွေကို မျက်ကွယ်ပြုမထားဘဲ လိုအပ်သလို အရေးတယူပြုပြီး ကြားဝင်ညှိနှိုင်းဖျန်ဖြေပေးဖို့ အကူအညီတောင်းတာဖြစ် တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org