အမျိုးသားပညာရေးဥပဒေကို ဒဂုံတက္ကသိုလ်မှာ ကန့်ကွက်ဆန္ဒပြ

ရန်ကုန်မြို့ ဒဂုံမြိုသစ်အရှေ့ပိုင်း ဒဂုံတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖဲ့ွဝင် ၁၀၀ လောက် စုပေါင်းပြီး အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။

ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပယ်ဖျက်ပြီး အသစ်ပြန်လည်ရေးဆွဲပေးဖို့ စက်တင်ဘာလ ၂ ရက်နေ့က ဒဂုံတက္ကသိုလ်ထဲမှာ လမ်းလျှောက်ဆန္ဒပြစဉ် Photo: Kyaw Zaw Win , Kyaw Lwin Oo / RFA

ရန်ကုန်မြို့ ဒဂုံမြိုသစ်အရှေ့ပိုင်း ဒဂုံတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖဲ့ွဝင် ၁၀၀ လောက် စုပေါင်းပြီး အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေမှာပါတဲ့ အမျိုးသား ပညာရေးကော်မရှင် ဖွဲ့စည်းခြင်းဆိုတဲ့အချက်ကို ကန့်ကွက်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင် က ပြောပါတယ်။

"အမျိုးသားပညာရေးဥပဒေမှာ အခန်းနံပါတ် ၄ မှာပါတဲ့ အမျိုးသားပညာရေးကော်မရှင်ပေါ့၊ သူ့လုပ်ပိုင်ခွင့်မှာ ဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ ပညာရေးဥပဒေကို သူကကိုင်တယ်၊ လမ်းညွှန်မယ်၊ ထိန်းချုပ်မယ်၊ ကွပ်ကဲမယ်၊ မူဝါဒတွေချမှတ်မယ် ၊ ငွေကြေးဆိုင်ရာ ကိစ္စတွေကိုပါ အမျိုးသား ပညာရေးကော်မရှင်က ထပ်ဖွဲ့မယ့် အဆင့်မြင့် ပညာရေး ပေါင်းစပ်ညှိနှှိုင်းရေးကော်မတီလည်း မလိုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကိုယ်ပိုင် လွတ်လပ်ခွင့်ရှိနေလို့ပဲ၊ အပေါ်ကနေ ထိန်းချုပ်စရာမလိုဘူး"

ဆန္ဒပြကျောင်းသားတွေဟာ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်နဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေးဆိုင်ရာကွန်ရက် NNER တို့ တွေ့ဆုံဆွေးနွေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဆရာ၊ ဆရာမတွေနဲ့ ကျောင်းလုံခြုံရေးတွေက စာသင်ဆောင်တွေရှေ့နဲ့ ကျောင်းပေါက်ဝမှာ လုံခြုံရေးတာဝန်ယူ ထားကြပေမဲ့ ဆန္ဒပြကျောင်းသားတွေက စာသင်ဆောင်တွေရှေ့မှာ အမျိုးသားပညာရေးဥပဒေပါ ပြဌာန်းချက်တွေ ကို ဟောပြောခဲ့ကြပါတယ်။

ဒီနေ့မှာပဲ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တက္ကသိုလ်မှာလည်း တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်း၊ မန္တလေးနဲ့ မုံရွာတက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org