ရန်ကုန်မှာ စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးသူတစ်ဦး ပစ်သတ်ခံရ
ရန်ကုန် ယုဇနဥယျာဉ်မြို့တော်မှာ စစ်ကောင်စီသတင်းပေးလို့ ဒေသခံတွေအကြား ပြောဆိုခံနေရတဲ့ အသက် ၄၀ ဝန်းကျင် ဦးမျိုးမြင့် ဟာ ဩဂုတ်လ ၂၆ ရက်နေ့ မနေ့ညနေပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2021-08-27
-
-
-
ရန်ကုန်မြို့က ယုဇနဥယျာဉ်မြို့တော်ကို မြင်ရစဥ်
Photo: CJ
ရန်ကုန် ယုဇနဥယျာဉ်မြို့တော်မှာ စစ်ကောင်စီသတင်းပေးလို့ ဒေသခံတွေအကြား ပြောဆိုခံနေရတဲ့ အသက် ၄၀ ဝန်းကျင် ဦးမျိုးမြင့် ဟာ ဩဂုတ်လ ၂၆ ရက်နေ့ မနေ့ညနေပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွား တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သူဟာ ယုဇနဥယျာဉ်မြို့တော်၊ ၁၅ လမ်း (အေ) မှာ မနေ့ညနေ ၆ နာရီခွဲဝန်းကျင်က သေနတ်နဲ့ တစ်ချက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
Yangon Revolution Group (YRG) ကတော့ ဒါဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ဩဂုတ်လ ၂၆ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
အခုလိုပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံအချို့ကို ဖမ်ဆီးတာ တွေရှိခဲ့ပေမယ့် ဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ပြော ပါတယ်။