ဆည်ရေလျှံမှု ဟင်္သာတမှာ လယ်သမားတွေ ဆန္ဒပြ
ဧရာဝတီတိုင်းဒေသကြီး၊ ဟသာၤတနဲ့ ဇလွန်မြို့နယ်မှာရှိတဲ့ ဆည် ၁၀ ခုလောက် က လျှံကျလာတဲ့ရေတွေကြောင့် လယ်ဧက ၄၀၀၀ ကျော် ရေနစ်မြှုပ်ပျက်စီးနေတဲ့အတွက် ဒေသခံ ၂၀၀ ကျော်လောက်က ဒီနေ့ ဟသာၤတမြို့ပေါ်မှာ ဆန္ဒပြ ခဲ့ကြပါတယ်။
-
2014-08-12 -
-
-
ဧရာဝတီတိုင်းဒေသကြီး၊ ဟသာၤတနဲ့ ဇလွန်မြို့နယ်မှာရှိတဲ့ ဆည် ၁၀ ခုလောက်က လျှံကျလာတဲ့ရေတွေကြောင့် လယ်ဧက ၄၀၀၀ ကျော် ရေနစ်မြှပ်ပ်ပျက်စီးနေတဲ့အတွက် ဒေသခံ ၂၀၀ ကျော်လောက်က ဒီနေ့ ဟသာၤတမြို့ပေါ် မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြတာနဲ့ပတ်သက်ပြီး ဟသာၤတမြို့နယ် တံတားဦးသုံးခွကျေးရွာက ကိုသိန်းဇော်မြင့်က အခုလိုပြော ပါတယ်။
"ဆန္ဒပြတဲ့အဓိက ရည်ရွယ်ချက်ကတော့ လယ်ယာမြေတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီးပြတာပါ၊ ကျနော်တို့ လယ်ယာမြေတွေဟာ နှစ်စဉ်ရေနစ်မြှုပ်မှှုတွေ ကြုံတွေ့ရတယ်၊ လယ်ယာမြေ တိမ်ကောတယ်၊ အဆင့်ဆင့်နှစ်စဉ် အကြိမ်ကြိမ် နှစ်စဉ်တင်ပြတိုင်ကြားခဲ့သော်လည်း ဘာမှထူးခြားစွာ ဆောင်ရွက်ပေးနိုင်မှှု မရှိတဲ့အတွက် ကျနော်တို့ လယ်သမားတွေက ခရိုင်ရေလုပ်ငန်းဦးစီးက အင်းသူကြီးတွေကို အရေးယူပေးဖို့ ထည့်သွင်း ပြီးတော့ ဆန္ဒပြတာပါ"
ဟသာၤတနဲ့ ဇလွန်မြို့နယ်မှာ ဆည်မြောင်း ၁၀ ခု ကျော်ရှိပြီး ရေဖောက်ချတဲ့ ရေနှုတ်မြောင်းတွေကို ငါးမွေးမြူရေး အင်းတွေအဖြစ် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက လုပ်ပိုင်ခွင့်ပေးထားတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒီလဆန်းလောက်က ဟသာၤတမြို့နယ်က လယ်ဧက ၂၀၀၀ ကျော်နဲ့ ဇလွန်မြို့နယ်က လယ်ဧက ၂၀၀၀ ကျော် မှာ ရေနစ်မြှုပ်နေတာဖြစ်ပါတယ်။