ဓနုပါတီ တောင်ကြီးမြို့မှာ မဲဆွယ်စည်းရုံး

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က ရပ်ကွက်တိုင်းမှာ တစ်အိမ်တက်တစ်အိမ် ဆင်း ဒီကနေ့ မဲဆွယ်စည်းရုံးရေးဆင်းနေပါတယ်။

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဝင်တွေ စက်တင်ဘာလ ၁၈ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မဲဆွယ်စည်း ရုံးရေးဆင်းနေစဉ် Photo: Khun Yarzar/RFA

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က ရပ်ကွက်တိုင်းမှာ တစ်အိမ်တက် တစ်အိမ်ဆင်း ဒီကနေ့ မဲဆွယ်စည်းရုံးရေးဆင်းနေပါတယ်။

" တန်းတူညီမျှဖြစ်စေဖို့ ဓနုပါတီကိုမဲပေးစို့ " ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဓနုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးပြုလုပ်သွားမယ်လို့ ကလောမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါက် တာ ကျော်လွင်ထူးက ပြောပါတယ်၊

မဲဆွယ်စည်းရုံးမှုမှာ လက်ကမ်းစာစောင်တွေကို လိုက်လံဝေငှတာအပြင် လူထုအစည်းဝေးခေါ်ပြီး ဟောပြောပွဲတွေ လည်း ကျင်းပသွားမယ်လို့ ပြောပါတယ်၊

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဟာ ရှမ်းပြည်နယ် တောင်ကြီး၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ရွာငံနဲ့ နောင်ချို စတဲ့ ၆ မြို့နယ်မှာ လွတ်တော်ကိုယ်စားလှယ်လောင်း ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org