ဒေါ်အောင်ဆန်းစုကြည် ၆၉ နှစ်မြောက် မွေးနေ့ကျင်းပ
ဒီနေ့မှာကျရောက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၉ နှစ်မြောက် မွေးနေ့အခမ်း အနားကို ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ နေပြည်တော်မှာ ကျင်းပခဲ့ ပါတယ်။
-
2014-06-19 -
-
-
Your browser doesn’t support HTML5 audio
ဒီနေ့မှာကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၉ နှစ်မြောက် မွေးနေ့အခမ်းအနားကို ဗဟန်း မြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
ရန်ကုန် အန်အယ်လ်ဒီရုံးချုပ်က အခမ်းအနား ကို ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့နှုတ်ခွန်းဆက် သဝဏ်လွှာ ပေးပို့ခဲ့ပြီး အဲဒီသဝဏ်လွှာကို အန်အယ်လ်ဒီ အမျိုးသမီးရေးရာ ကော်မတီ အဖွဲ့ဝင် ဒေါ်အိအိမာက ဖတ်ကြားခဲ့ပါတယ်။
"ကျမကို မေတ္တာထားတဲ့သူတွေအားလုံး ကို ကျေးဇူးတင်တဲ့အနေနဲ့ ကျမကို တောင်းပေးတဲ့ ဆုမွန်အတိုင်း တူညီတဲ့အကျိုးတွေ ခံစားရတဲ့ အပြင် ရှေ့ဆက်ရမယ့် နိုင်ငံရေးခရီးလမ်းကို ဆက်လက်ထောက်ခံအားပေးရင်း ကျမတို့ အတူတကွ လျှောက်လှမ်းနိုင်ကြပါစေလို့ ပြန်ပြီး ဆုမွန်ကောင်းတောင်းပေးပါတယ်"
အဲ့ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကိုကြီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၉ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမေ့ဂီတအဖွဲ့နဲ့ ရန်ကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တည်ထောင်ထားတဲ့ ဂီတအဖွဲ့တို့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသီချင်း၊ ကွယ်လွန်သွားတဲ့ သဘာပတိအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် ဂုဏ်ပြုသီချင်းနဲ့ ကိုမင်းကိုနိုင် ရေးစပ်ထားတဲ့ "ပြန်လာပြီ ပန်ထွာဧကရီ" သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် တိုင်ရင်းသားပါတီ ခေါင်းဆောင်တွေကလည်း မွေးနေ့ ဆုတောင်းပေးကြပါတယ်။ RFA သတင်းထောက်မရတနာဦး စုစည်းတင်ပြထားပါတယ်။
နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးနောက်ပိုင်းကနေ ဒီကနေ့အထိ ၃ နှစ်ကျော်ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ သူ့ရဲ့မိန့်ခွန်းတွေထဲက အချက်တချို့ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်းတင်ပြထားပါတယ်။