ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံကို သွားရောက် လည်ပတ်ဖွယ်ရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလ အတွင်း သြစတြေးလျနိုင်ငံကို လာရောက်လည်ပတ်ဖွယ် ရှိကြောင်း သြစတြေးလျသတင်းစာ The Age က ဖော်ပြ ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလအတွင်း သြစတြေးလျနိုင်ငံကို လာရောက်လည်ပတ်ဖွယ်ရှိကြောင်း သြစတြေးလျသတင်းစာ The Age က ဖော်ပြပါတယ်။

ခရီးစဉ်အတွင်း ကင်ဘာရာ၊ ဆစ်ဒနီ၊ မဲလ်ဘုန်းမြို့တွေမှာ တွေ့ဆုံပွဲတွေ၊ ဟောပြောပွဲတွေ အများအပြားကျင်းပဖို့ စီစဉ်ထားတဲ့အပြင် သြစတြေးလျ အစိုးရသစ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့  စီစဉ်ထားပါတယ်။

ဝန်ကြီးချုပ်သစ် Tony Abbott ၊ နိုင်ငံခြားရေးဝန်ကြီးသစ် Julie Bishop နဲ့ အတူ တခြားနိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org