ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သတိရကြောင်း ရန်ကုန်မှာစာချိတ်ဆွဲ
ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် သတိရလွမ်းဆွတ်နေပါတယ်ဆိုတဲ့စာသား လမ်းမပေါ်မှာချိတ်ဆွဲခဲ့တယ်လို့ ပြောပါတယ်။
-
RFA burmese
2023-06-19 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သတိရ လွမ်းဆွတ်နေပါတယ်ဆိုတဲ့စာသား လမ်းမပေါ်မှာချိတ်ဆွဲခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဒီလှုပ်ရှားမှုကို Yangon Revolution Force ရဲ့ Soft Strike Community ကလုပ်ခဲ့တာလို့ အဲဒီအဖွဲ့ရဲ့ တာဝန်ခံက RFA ကိုပြောပါတယ်။
နေပြည်တော်အချုပ်ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ဖို့၊ စစ်အာဏာရှင်စနစ်ကို ဆက်ပြီးတွန်းလှန်ကြဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆက်ပြီး တိုက်ပွဲဝင်ကြဖို့ PDF တပ်ဖွဲ့နဲ့ သပိတ်ကော်မတီတွေကလည်း တိုက်တွန်းကြပါတယ်။
ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုနဲ့ ပန်းသပိတ်လှုပ်ရှားမှုတွေကို နေရာအများအပြားမှာ ကျင်းပခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အသက် ၇၅ နှစ်ပြည့်မွေးနေ့နောက်ပိုင်းကစလို့ မွေးနေ့ရက်တွေကို အကျဉ်းထောင်ထဲမှာဖြတ်သန်းနေရတာ သုံးနှစ်ရှိပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲတဲ့ အမှုပေါင်း ၁၉ အမှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရပြီး နေပြည်တော်အချုပ်ထောင်တွင်းက အဆောက်အအုံ တစ်ခုမှာ တစ်ဦးတည်း သီးခြား ထိန်းသိမ်းခံထားရပါတယ်။