ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဗီနိုင်းချိတ်ဆွဲထားတဲ့အနီးက ဈေးသည်တွေ အစစ်ဆေးခံလိုက်ရ

မြောက်ဥက္ကလာပမြို့နယ် မေဓာဝီလမ်းဆုံမှာ ဇွန် ၁၉ ရက် မနေ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဗီနိုင်းတစ်ခု ချိတ်ဆွဲထားရာ အဲဒီအနားမှာရှိတဲ့ ဆိုင်ကယ်ကယ်ရီဆွဲသူနဲ့ ဈေးသည် ငါးယောက်ဟာ မနေ့က နေ့လယ်ပိုင်းမှာ အဖမ်းခံလိုက်ရပါတယ်။

မြောက်ဥက္ကလာပမြို့နယ် မေဓာဝီလမ်းဆုံမှာ ၂၀၂၁ ဇွန် ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဗီနိုင်းတစ်ခု ချိတ်ဆွဲထားတာကို တွေ့ရစဉ်

မြောက်ဥက္ကလာပမြို့နယ် မေဓာဝီလမ်းဆုံမှာ ဇွန် ၁၉ ရက် မနေ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဗီနိုင်းတစ်ခု ချိတ်ဆွဲထားရာ အဲဒီအနားမှာရှိတဲ့ ဆိုင်ကယ်ကယ်ရီဆွဲသူနဲ့ ဈေးသည် ငါးယောက်ဟာ မနေ့က နေ့လယ်ပိုင်းမှာ အဖမ်းခံလိုက်ရပါတယ်။

အဲဒီဗီနိုင်းကို ဘယ်သူကချိတ်သွားတယ်ဆိုတာကို မသိရဘဲ ဗီနိုင်ထောင်တဲ့အနားမှာ ရှိနေတဲ့သူတွေကို စစ်ဆေးဖို့ဆိုပြီး မြောက်ဥက္ကလာ ရဲစခန်းကို စစ်ကောင်စီတပ်တွေက ခေါ်သွားတာဖြစ်ပြီး ဒီနေ့ အဖမ်းခံ ထားရတဲ့သူတွေ အကုန်ပြန်လွတ်လာပြီလို့ လုံခြံရေးအရ အမည်မဖော်ချင်တဲ့ မြို့ခံတစ်ယောက်က ပြောပါတယ်။

မေဓာဝီလမ်းဆုံဟာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မြို့နယ်ဆေးရုံ၊ အုပ်ချုပ်ရေးမှူးရုံးတွေရှိတဲ့ နေရာဖြစ်ပါတယ်။ အဲလိုနေရာမျိုးကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း ဗီနိုင်းလာကပ်သူကို မဖမ်းမိဘဲ မသက်ဆိုင်တဲ့သူတွေကို ဖမ်းဆီးတာက မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။

ဇွန် ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေနဲ့ တစ်ပြည်လုံးအနှံ့ ပန်းသပိတ်ဆင်နွဲခဲ့ကြပြီး အဲဒီထဲက ပန်းပန်တဲ့သူတွေတချို့လည်း အဖမ်းခံရတာတွေ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org