ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြော

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ မနေ့က မြန်မာနိုင်ငံအစိုးရ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်း ဆက်သွယ်စကားပြောခဲ့ပြီး ရိုဟင်ဂျာ မွတ်စလင် လူနည်းစုတွေအပေါ် ဆက်ဆံမှုအပေါ် စိုးရိမ်ကြောင်း ထပ်မံပြောကြားခဲ့တယ်လို့ မစ္စတာ ဂျွန်ဆင်က Twitter စာမျက်နှာကနေ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် ကို တွေ့ရစဉ် Photo: Soe Zaya Tun AFP 2017

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ မနေ့က မြန်မာနိုင်ငံအစိုးရ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်း ဆက်သွယ်စကားပြောခဲ့ပြီး ရိုဟင်ဂျာ မွတ်စလင် လူနည်းစုတွေအပေါ် ဆက်ဆံမှုအပေါ် စိုးရိမ်ကြောင်း ထပ်မံပြောကြားခဲ့တယ်လို့ မစ္စတာ ဂျွန်ဆင်က Twitter စာမျက်နှာကနေ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်တဲ့အခါ အလွန်အကျွံ အင်အားမသုံးဖို့နဲ့ စားရေးရိက္ခာ အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ပြုဖို့ မြန်မာ့ တပ်မတော်ကို တိုက်တွန်းကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာအာဏာပိုင်တွေက ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂက ဝင်ရောက်ကြီးကြပ်ခွင့် ပြုတာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းမယ့်ကိစ္စတွေအပေါ် အမြန်အကောင်အထည်ဖော်ဖို့ လိုကြောင်း၊ ဒါ့အပြင် တပ်မတော်အနေနဲ့ အင်အားအလွန်အကျွံမသုံးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခွင့်ပြုဖို့လည်း တောင်းဆိုခဲ့ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက Twitter စာမျက်နှာ ရေးသားထားပါတယ်။

ဒီနှစ်ချက် အမြန်အကောင်ထည်ဖော်ရေးအပြင် ဒုက္ခသည်တွေ ဆန္ဒအလျောက် သိက္ခာရှိရှိ ပြန်လာနိုင်ရေး ဖန်တီးပေးဖို့၊ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ် အပြစ်ပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးခဲ့တယ်လို့လည်း သူကရေးသားထားပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား ဒုက္ခသည် ပြန်လည် လက်ခံရေး ပြီးခဲ့တဲ့အပတ်က သဘောတူစာချွန်လွှာ ရေးထိုးခဲ့တာကို ပထမဆုံး ထောက်ခံခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင် တစ်ဦးလည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org