ကာဒီနယ်လ် ချားလ်စ်မောင်ဘို ဒေါ်အောင်ဆန်းစုကြည်ဘက်က ကာကွယ်ပြောဆို

မြန်မာ့တပ်မတော်က မွတ်စလင်ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ လူမျိုးတစ်စုကွယ်ပျောက်အောင် သုတ်သင်ရှင်းလင်းရေး လုပ်နေတယ်ဆိုပြီး ဝေဖန်ပြောဆိုနေတာဟာ တိုင်းပြည်အတွက် အထောက်အကူမဖြစ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကတ်သလစ်ခရစ်ယာန် သာသာပိုင်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ကို တွေ့ရစဉ်

မြန်မာ့တပ်မတော်က မွတ်စလင်ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ လူမျိုးတစ်စုကွယ်ပျောက်အောင် သုတ်သင် ရှင်းလင်းရေး လုပ်နေတယ်ဆိုပြီး ဝေဖန်ပြောဆိုနေတာဟာ တိုင်းပြည်အတွက် အထောက်အကူမဖြစ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကတ်သလစ်ခရစ်ယာန် သာသာပိုင်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ဒီနေ့ ပြောလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မလာခင် သီတင်းတစ်ပတ်အလိုမှာ AP သတင်းဌာနကို ပြောလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စကို အစောကြီးကတည်းက ရှင်းရှင်းလင်းလင်း  ထုတ်ဖေါ်ပြောဆိုသင့်ခဲ့ ပါတယ်၊ ဒါပေမဲ့ အခြေခံဥပဒေအရ သူ့မှာ တပ်မတော်ကို  ဘာမှပြောပိုင်ခွင့်မရှိဘူးလို့လည်း ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ပြောပါတယ်။  တပ်မတော်နဲ့ညှိနှိုင်းဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့နည်းသူ့ဟန်နဲ့  လိမ်လိမ်မာမာ ပါးပါးနပ်နပ် ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတောင် ရှောင်ကျဉ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ပန်ကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org