ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူတွေ အာရုံထားဖို့ လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟာ နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင် တာကြောင့် ပြည်သူတွေက စိတ်ဝင်စားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ ပြောကြားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကို လေ့လာရေးလာရောက်တဲ့ မကွေးတိုင်းဒေသကြီးက NLD ပါတီဝင်တွေနဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ နိုင်ငံ သူ နိုင်ငံသားအားလုံးနဲ့သက်ဆိုင်တာကြောင့် ပြည် သူတွေက စိတ်ဝင်စားကြဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ လာရောက်လေ့ လာတဲ့ နေပြည်တော်ကောင်စီနယ်မြေ ပုပ္ပသီရိ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ နဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြော ကြားခဲ့တာဖြစ်ပါတယ်။

"ဖွဲ့စည်ပုံအခြေခံဥပဒေဆိုတာ နိုင်ငံသူ၊ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တယ်၊ ဒီလွှတ်တော်ထဲလည်း သက်ဆိုင်တယ်၊ အမျိုးသမီးတွေကလည်း စိတ်ဝင်စား ရမယ်နော်၊ မီးဖိုထဲအထိရောက်လာတာ ဖွဲစည်းပုံအခြေခံဥပဒေဆိုတာ အဲ့ဒီတော့ အမျိုးသမီးတွေဆိုတာ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီးတော့ စိတ်ဓါတ်မထားပါနဲ့ တက်နိုင်သမျှနိုင်ငံရေးကို လိုက်စားကြပါ၊ ပြည်သူလူထုတွေက နိုင် ငံရေး တက်ကြွမှှုရှိမှ တကယ်တော့ ဒီနိုင်ငံမှာ တကယ့် ဒီမိုကရေစီဟာ ပြည်သူ့အုပ်ချုပ်ရေးပေါ့၊ ပြည်သူ့ အုပ်ချုပ်ရေးဆိုတာ ပြည်သူကအရည်အချင်းရှိမှ ပီပီပြင်ပြင်လုပ်နိုင်မှာပေါ့၊ ဒါကြောင့်မို့လို့ ကိုယ်အရည်အချင်းတွေ ကို ကိုယ်မြှင့်တင်ဖို့လိုတယ်"

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၃၀ကျော်က ဆွေးနွေးခဲ့ကြပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးဆွေးနွေးရာမှာ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) စတဲ့ပုဒ်မတွေကို မပြင်ဆင်ဖို့ ဆွေးနွေးကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org