အမေရိကန်က အကောင်းမြင် လွန်းနေတယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ ရပ်ဆိုင်းနေတာ လအတန်ကြာ ရှိလာပြီဖြစ်ပေမယ့် အမေရိကန်နဲ့ အခြားအနောက်နိုင် ငံတွေက အကောင်းမြင်ဝါဒ သိပ်ပြီးလွန်ကဲနေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ NLD ရုံးချုပ်မှာ နိုဝင်ဘာ ၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းစဉ် Photo: Kyaw Zaw Win/RFA

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရပ်ဆိုင်းနေတာ လအတန်ကြာရှိလာပြီဖြစ်ပေမယ့် အမေရိကန်နဲ့ အခြားအနောက်နိုင်ငံတွေက အကောင်းမြင်ဝါဒ သိပ်ပြီးလွန်ကဲနေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲကျင်းပရာ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်း အလဲတွေ ပေါ်ထွက်လာစေချင်တာ အမေရိကန်ပြည်ထောင်စုက တကယ်ပဲ အလေးအနက် ရှိတယ်လို့ ယုံကြည်ကြောင်း၊ ဒါပေမဲ့ အခြေအနေ တစ်ရပ်လုံးကို အသေအချာလေ့လာကြည့်ရင် ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကစတင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ရပ်ဆိုင်းနေခဲ့တာကို မြင်တွေ့ရမှာဖြစ်ကြောင်း ပြော ပါတယ်။

ဒါ့အပြင်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြုပြင်ပြောင်းလဲမှုတွေရှိတယ်လို့ တဖွဖွ ပြောနေကြတဲ့သူတွေကို ပြီးခဲ့တဲ့ ၂၄ လအတွင်းမှာ ထူးခြားထင်ရှားတဲ့ အပြောင်းအလဲတွေ ဘာများရှိခဲ့သလဲဆိုတာ မေးခွန်းထုတ်လိုက်ချင် ပါတယ်လို့လည်း ပြောသွားပါတယ်။

အမေရိကန်အစိုးရ အရာရှိတစ်ဦးကတော့ အမေရိကန်အစိုးရအနေနဲ့  ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို သိပ်ပြီး ဖိအားမပေးတာက စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်နေတဲ့ လက်ရှိအစိုးရအပေါ် သြဇာလွှမ်းမိုးမှုနဲ့  သမ္မတ အိုဘားမားက ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာစေချင်တဲ့ သူ့ရဲ့စိတ်ဆန္ဒကို ထိန်းသိမ်းမျှတထားချင်တာဖြစ် တယ်လို့ ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org